သတင်းများ

ပျဉ်းမနားမြို့ မင်္ဂလာဇေယျုံပါဠိတက္ကသိုလ်ကျောင်းတိုက်တွင် သီတင်းသုံးလျက်ရှိသော ရဟန်း သာမဏေများအတွက် ဆန်၊ ဆီ၊ ဆား၊ ကြက်ဥ၊ ကြက်သွန်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်း
Aug 26,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့၊ မင်္ဂလာဇေယျုံပါဠိတက္ကသိုလ်ကျောင်း တိုက်တွင် သီတင်းသုံးလျက်ရှိသော ရဟန်းသာမဏေများအတွက် ဆန်၊ ဆီ၊ ဆား၊ ကြက်ဥ၊ ကြက်သွန်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းက ပျဉ်းမနားမြို့ရှိ အဆိုပါကျောင်းတိုက်တွင် ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဌ ဒေါက်တာမောင်မောင်နိုင် နှင့် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြသည်။
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ပုသိမ်မြို့ ငဝန်မြစ်အတွင်း ငါးမျိုးစိုက် ထည့်ခြင်း အခမ်းအနားသို့ တက်ရောက်
Aug 26,2021
ဧရာဝတီတိုင်းဒေသကြီးအတွင်း ငါးမွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး၊ ငါးသယံဇာတ စဉ်ဆက်မပြတ် ရေရှည်ထိန်းသိမ်းနိုင်ရေး၊ ငါးရိက္ခာများ ရေရှည်စားသုံးနိုင်ရေးအတွက် သဘာဝမြစ်ချောင်း၊ အင်းအိုင်များတွင် နှစ်စဉ်ငါးသားပေါက်မျိုးများ စိုက်ထည့်ပေးလျက်ရှိရာ ယမန်နေ့ နံနက် ၈နာရီက ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပုသိမ်မြို့၊ မြို့တော်ခန်းမရှေ့၊ ငဝန်မြစ်အတွင်းသို့ (၂)လက်မ အရွယ် ငါးမြစ်ချင်းကောင်ရေ(၂.၅)သိန်းနှင့် ငါးခုံးမကြီးကောင်ရေ(၂.၅)သိန်း၊ စုစုပေါင်း ငါးသားပေါက်ကောင်ရေ (၅)သိန်းအား ငါးမျိုးစိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။
ကျိုက်လတ်မြို့နယ်သို့ အောက်ဆီဂျင်ထုတ်စက်ရောက်ရှိ
Aug 26,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ကျိုက်လတ်မြို့နယ်သို့ အောကဆီဂျင်ထုတ်စက် ယမန်နေ့ညနေ ၅ နာရီကရောက်ရှိကြောင်းသိရသည်။
ဖာပွန်မြို့၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလည်ပတ်ရန်ပုံငွေထုတ်ချေး
Aug 26,2021
 ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင်  မြစိမ်းရောင်ကျေးရွာ စီမံကိန်း လည်ပတ်ရန်ပုံငွေထုတ်ချေးခြင်းကို ယမန်နေ့ည နေပိုင်းက ဖာပွန်မြို့နယ်၊ တံခွန်တိုင်ကျေးရွာ၌ ထုတ်ချေးပေးခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှသိရှိရသည်။
မင်းဘူးမြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများထုတ်ချေးပေး
Aug 26,2021
မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တွင်၂၀၂၁ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေများကို ယမန်နေ့မနက် ၁၁ နာရီ အချိန်က ဆက်လက်ချေးပေးလျက်ရှိရာ အုပ်စုပေါင်း ၁၀ အုပ်စု၊ တောင်သူပေါင်း ၃၈၅ ဦးနှင့် စပါး ၈၇၇ ဧက၊  နှမ်းသီးနှံစိုက်ဧက ၁၆၈၉ ဧကအတွက် စုစုပေါင်းကျပ် ၃၀၁,၉၅၀,၀၀၀ သိန်းကို  ထုတ်ချေးပြီး သွားပြီဖြစ်ကြောင်း မင်းဘူးမြို့ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ သိရ သည်။
မြဝတီမြို့၌ အငြိမ်းစားဝန်ထမ်းများအား ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ပင်စင်လစာများ ထုတ်ပေးလျက်ရှိ
Aug 26,2021
ကရင်ပြည်နယ်၊ မြဝတီမြို့တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများကို ဩဂုတ်လ (၂၃) ရက်နေ့မှ စတင်၍ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ မြန်မာ့စီးပွားဘဏ်၌ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ဗဟန်းမြို့နယ်အတွင်း သာယာလှပသန့်ရှင်းရေးနှင့်ရေစီးရေလာကောင်းမွန်စေရေးအတွက် မြို့နယ်စည်ပင်မှ ဆောင်ရွက်
Aug 26,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်အတွင်း သာယာလှပ သန့်ရှင်းရေးအတွက် သစ်ပင်သစ်ကိုင်းများ ရှင်းလင်းခြင်း၊အမှိုက်များ မြက်ချုံများရှင်းလင်းခြင်း၊ ရေမြောင်းများ၊ ရေစီးရေလာကောင်မွန်စေရေး၊ ရေနှုတ်မြောင်းများရေစီးရေလာ ကောင်မွန်စေ ရေး၊မြေအောက်လိုင်းများဆောင်ရွက်ရန် မြေပြင်အခြေအနေများရွေးချယ်ခြင်း၊ စည်ပင် ရေပိုက်များမြေအောက်မြောင်းများနှင့် လွတ်ကင်စေရေးပြင်ဆင်ခြင်းလုပ်ငန်းများ၊ ရေမြောင်းများ ဖောက်လုပ်ခြင်းဖြင့်ဖြစ်ပေါ်လာနိုင်သည့်အကျိုးအပြစ်များကို ချိန်ဆ၍မြေပြင်ဆောင်ရွက် ခြင်းများကို ယမန်နေ့ နံနက်၈နာရီတွင် မြို့နယ်စည်ပင်ဝန်ထမ်းများမှ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဗဟန်းမြို့နယ်၌အခြေခံစားကုန်များကိုရွေ့လျားစျေးကားစနစ်ဖြင့်စျေးနှုန်းသက်သာစွာလှည့်လည်ရောင်းချပေးလျက်ရှိ
Aug 26,2021
ရန်ကုန်တိုင်းဒေသကြီး၊ဗဟန်းမြို့နယ်ရှိပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာလအတွင်းအခြေခံ စားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ရေး ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့၏ ဦးဆောင်မှုဖြင့်ဗဟန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ဗဟန်းမြို့နယ်၌ယနေ့ နံနက် ၉ နာရီတွင်ရွှဂုံတိုင်လမ်းနှင့်ကမ္ဘာအေး လမ်းတောင့်ရှိ၊ ရွှေဂုံရိပ်မွန်အိမ်ရာတွင်လည်းကောင်း၊ နံနက် ၁၁ နာရီအချိန်တွင် ဗဟန်းမြို့နယ်ဆရာစံမြောက်အရှေ့ရပ်ကွက်၊ အရှေ့ဗဟိုလမ်းတို့တွင်လည်းကောင်း၊ ဆန်၊ ဆီ သယ်ယူ ပို့ဆောင် ရေးနှင့်ရောင်းချရေး မော်တော်ယာဉ်များဖြင့် မြို့နယ်နေပြည်သူများအား အခြေခံ စားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ကြက်ဥ၊ ဆိတ်သားနှင့်အမဲသားများကိုဈေးနှုန်း သင့်တင့်စွာလာရောက် ရောင်းချပေးခဲ့ကြောင်း သိရသည်။