ကိုဗစ်၁၉ရောဂါအကာအကွယ်ပစ္စည်းများလှူဒါန်းလက်ခံ

မူဆယ်     ဩဂုတ် ၂၆

ရှမ်းပြည်နယ်၊ မူဆယ်မြို့တွင် ကိုဗစ်ရောဂါကူးစက်မှုကြောင့် Quarantine centreတွင် ကုသမှုခံယူသူများနှင့် အများပြည်သူအသုံးပြုရန်အတွက် စေတနာလုပ်ငန်းရှင်များက အကာအကွယ်ဆက်စပ်ပစ္စည်းများကို အဆက်မပြတ်လှူဒါန်းလျက်ရှိပါသည်။

ထိုသို့လှူဒါန်းမှုတွင် ယမန်နေ့  နံနက်၁၁ခွဲအချိန်က ခရိုင်စုပေါင်းရုံးရှေ့မျက်နှာစာတွင် မူဆယ်မြို့၊ အေးကမ္ဘာစိုပြေကုမ္ပဏီလီမိတက်မှ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေး ဆက်စပ်ပစ္စည်းများကို သက်ဆိုင်ရာသို့ပေးအပ်လှူဒါန်းရာOxygenဗူး ၆၀လုံး၊ PPEဝတ်စုံ ၂၀၀စုံ၊Mask ၂၅၀၀၀၀ခု၊ ပိုးသတ်ဆေး ၂၀ပုံး၊ Face shield ၁၀၀ခု၊ စုစုပေါင်းတန်ဘိုး (၁၁၅၄၀၀၀၀)ကျပ်ကိုကုမ္ပဏီဒါရိုက်တာများဖြစ်ကြသောဦးကျော်ကျော်အေးနှင့်ဦးကျော်ထွန်းဝင်းတို့ကပေးအပ်ရာမူဆယ်ခရိုင်အုပ်ချုပ်ရေးမှူးဦးအောင်ဇော်မိုးနှင့်အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးဇေယျာလင်းတို့ကလက်ခံရယူပြီးဂုဏ်ပြုလက်မှတ်ပြန်လည် ပေးအပ်ကြောင်း သိရသည်။

အယ်လ်စိုး(မူဆယ်)