သတင်းများ

နတ်မောက်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတွင် ပိုးသတ်ဆေးထောက်ပံ့ခြင်းနှင့် တောင်သူပညာပေးဆွေးနွေးပွဲ ကျင်းပ                   
Aug 26,2021
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများအား ပိုးသတ်ဆေးပေး    အပ်ပွဲနှင့် တောင်သူပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက် (၁၁) နာရီအချိန်ခန့်က စိုက်ပျိုးရေး ဦးစီး ဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရွှေကျင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသော ကျန်းမာရေးဝန်ထမ်းများနှင့် Volunteer များအား ထောက်ပံ့ငွေပေးအပ်
Aug 26,2021
ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ကာလအတွင်း၌ တာဝန် ထမ်းဆောင်ပြီး ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသော ကျန်းမာရေးဝန်ထမ်းများနှင့် Volunteer များအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့ နံနက် ၁၀ နာရီက ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ကြောင်း သိရသည်။ 
စုကလိမြို့တွင် ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှု မရှိစေရေး အသိပညာပေး နှိုးဆော်
Aug 26,2021
ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရန်အတွက် ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့တွင် ကိုဗစ်-၁၉  ရောဂါပြန့်ပွားမှုမရှိစေရေး  အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းကို ယနေ့နံနက် ၉ နာရီအချိန်က စတင်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးနှင့် ဌာနဆိုင်ရာဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများသို့ သွားရောက် ဆောင်ရွက်ခဲ့သည်။ 
ပုလောမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုနှင့် နိုင်ငံသားကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်
Aug 26,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား၀န်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ယမန်နေ့က ပန်းခင်းစီမံချက်ဖြင့် အမှတ်(၁၇) ခြေမြန်တပ်ရင်းအတွင်း တပ်ဖွဲ့ဝင်များနှင့် မိသားစုများအား နိုင်ငံသားစီစစ်ရေးကတ်နှင့် အိမ်ထောင်စုဦးရေစာရင်းများကို ကွင်းဆင်း၍ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
စလင်းမြို့နယ်ကူတိုတောင်ရွာနှင့် ကူတိုမြောက်ရွာတို့အား Mask Campaing ပြုလုပ်
Aug 26,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ စလင်းမြို့နယ် ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက မန်ကျီးပင်ပုကျေးရွာ အုပ်စု၊ ကူတိုတောင်ရွာနှင့် ကူတိုမြောက်ရွာတို့၌ ယမန်နေ့ နေ့လည် ၁၁ နာရီ အချိန်က  Mask Campaing ပြုလုပ်ခြင်းကို ဆောင်ရွက်ခဲ့ကြသည်။
မံစီမြို့ သန့်ရှင်းသာယာလှပရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများစုပေါင်းသန့်ရှင်းရေး ဆောင်ရွက်
Aug 26,2021
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့ သန့်ရှင်းသာယာလှပရေးအတွက် မြို့နယ်အဆင့်ဌာန ဆိုင်ရာဝန်ထမ်းများနှင့်ပြည်သူများပူးပေါင်း၍ ယနေ့နံနက် ၈ နာရီက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
လှိုင်းဘွဲမြို့ ဘုန်းတော်ကြီး ကျောင်းများတွင် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးအတွက် ကလိုရင်းပိုးသတ်ဆေးများ လိုက်လံပက်ဖျန်း
Aug 26,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် Fighting(ဖိုက်တင်း)ပိုးသတ်ဆေးဖျန်းအဖွဲ့မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကလိုရင်းပိုးသတ်ဆေးရည်များ လိုက်လံပက်ဖျန်းခြင်းကို ယမန်နေ့က လှိုင်းဘွဲမြို့ ဘုန်းတော်ကြီးကျောင်းများတွင် လိုက်လံပက်ဖျန်းခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့လှူဒါန်းသည့် ပါးစပ်၊ နှာခေါင်းစည်း (Mask) များ ပေးအပ်
Aug 26,2021
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအတွက် သြဂုတ်လ ၂၅ ရက် မှ ၃၁ ရက်နေ့အထိ ကျေးရွာအရောက် (Mask Campaign) ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် မြို့ သစ်မြို့နယ်အတွင်းရှိ  အိမ်ထောင်စုများသို့ ထောက်ပံ့လှူဒါန်းသည့် ပါးစပ်၊  နှာခေါင်းစည်း (Mask) များကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဌာန ဆိုင်ရာ အဖွဲ့ခေါင်းဆောင်များထံ ပေးအပ်ခဲ့ကြောင်း သိရသည်။