ကျောက်ဆည် ဇူလိုင် ၁၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်သမဝါယမဦးစီးဌာနမှ အခြေခံ သမဝါယမအသင်းသားတောင်သူများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး စပါးမျိုးများနှင့်သွင်းအားစုများ ထောက်ပံ့ပေးလျှက်ရှိရာ ယနေ့နံနက်ပိုင်းက မြေစိုမိုးကောင်းကျေးရွာမှ မိုးစပါးစိုက်တောင်သူများအား သွင်းအားစုများ ထောက်ပံ့ပေးအပ်သည်။
အခမ်းအနားတွင် မြို့နယ်သမဝါယမဦးစီးဌာမှဦးစီးအရာရှိ ဦးဇော်ထွန်းအောင်က ထောက်ပံ့ပစ္စည်း များ ထောက်ပံ့ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး မြေစိုမိုးကောင်းကျေးရွာ အခြေခံသမဝါယမအသင်းမှ မိုးစပါးစိုက်တောင်သူ ၃၀ အား မိုးစပါး ဧက ၁၃၀ စိုက်ပျိုးရန်အတွက် ငွေကျပ် သိန်း ၂၆၀ နှင့်ညီမျှသော စပါးမျိုးများနှင့် သွင်းအားစုများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်၌ ၂၀၂၆-၂၀၂၇ ခုနှစ် မိုးစပါးစိုက်ပျိုးမည့် အခြေခံသမဝါယမအသင်း ၁၆ သင်းရှိပြီး ဒေသတွင်းဆန်စပါးဖူလုံပိုလျှံရေး သမဝါယမအသင်းသားများမှ စပါး ဧက ၂၀၀၀ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)