ပေါင်မြို့နယ်၌ မိုးစပါး စိုက်ဧက (၁၃၂၆၉၄) ဧကထိ လျာထားစိုက်ပျိုးသွားမည်

ပေါင် ဇူလိုင် ၁၂

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ယခုနှစ်မိုးစပါးစိုက်ပျိုးရာသီတွင် မိုးစပါးစိုက်ဧက (၁၃၂၆၉၄) ဧကထိ လျာထားစိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပေါင်မြို့နယ်တွင် ယခုနှစ်အတွင်း မိုးစပါးစိုက်ဧက (၁၃၂၆၉၄) ဧက စိုက်ပျိုးရန် လျာထားလျက်ရှိရာပန်းတိုင်အထွက်နှုန်း ရရှိနိုင်ရေးအတွက် (၅၁၉၆)ဧကစိုက်ပျိုးဆောင်ရွက်မည်ဖြစ်ရာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက တောင်သူများ စားနပ်ရိက္ခာဖူလုံရေး၊ ဝင်ငွေများ တိုးပွားလာစေရေး၊ စိုက်ပျိုးထုတ်လုပ်မှု အရည်အသွေးများ ကောင်းမွန်ပြီး ပြည်တွင်းပြည်ပဈေးကွက်များတွင် တိုးချဲ့လာနိုင်စေရေးတို့အတွက် အသိပညာပေးခြင်း၊ ကွင်းသရုပ်ပြပွဲများ ပြုလုပ်ခြင်း၊ မိုးစပါး Seeder စိုက်ပျိုးနည်းစနစ်များ အသိပညာပေးခြင်းနှင့် တောင်သူများ နည်းပညာနားလည်တတ်ကျွမ်းပြီး လိုက်နာဆောင်ရွက်လာစေရန်စသည်တို့ကို ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

မွန်မလေး(ပြန်/ဆက်)