ရန်ကုန် ဇူလိုင် ၁၂
သန်လျင်ခရိုင်၊ သန်လျင်မြို့ ဗဟို(မူလွန်)ကျောင်းနှစ် (၁၀၀)ပြည့်ရာပြည့်ပွဲတော်ကျင်းပရေး ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲ (၁)နာရီတွင် ယင်းကျောင်းရှိခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ရာပြည့်ပွဲတော်ကျင်းပရေး နာယကဒေါက်တာ ဦးဝင်း၊ ဒုတိယဥက္ကဋ္ဌများဖြစ်သော ဦးဌေးဝင်းနှင့် ဦးမောင်မောင်တိုးတို့က ရာပြည့်ပွဲတော် အောင်မြင်စွာကျင်းပရေး ဆွေးနွေး ပေးကြသည်။
ထို့နောက် ဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများက ဆောင်ရွက်ပြီးစီးမှု၊ ဆက်လက် ဆောင်ရွက်မည့်လုပ်ငန်းများအား ဆွေးနွေးတင်ပြကြကာ ရာပြည့်ပွဲတော်ကျင်းပရေးအတွက် ဗဟို(မူလွန်)ကျောင်းအုပ်ကြီး (ငြိမ်း) ဦးကိုကြီး ဇနီးဒေါ်လှမြင့်မိသားစုက ကျပ် (၅) သိန်း၊ ဦးချမ်းငြိမ်းဇနီး ဒေါ်နုနုအောင်(သမီး)မဆုပြည့်သော် မိသားစုက အလှူငွေကျပ် (၃) သိန်း၊ မမိုးဆန်းပန်းခိုင် မိသားစုက ကျပ် (၂) သိန်းအပါအဝင် အလှူရှင်များက အလှူငွေများ ပေးအပ်လှူဒါန်းကြရာ ရာပြည့်ပွဲတော်ကျင်းပရေးနာယက ဒေါက်တာ ဦးဝင်း၊ ဥက္ကဋ္ဌ ဦးသန်းထွန်း တို့က လက်ခံရယူကြသည်။
သန်လျင်မြို့ ဗဟို(မူလွန်)ကျောင်းနှစ် (၁၀၀) ပြည့်ရာပြည့်ပွဲတော်ကြီးကို လာမည့်ဒီဇင်ဘာလတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ဖြိုးသီဟ(သန်လျင်)