နေပြည်တော်တိုင်းရင်းဆေးရုံကြီးမှ ဇေယျာသီရိမြိုနယ်အတွင်းရှိ ပြည်သူများအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေး

ဇေယျာသီရိ ဇူလိုင် ၁၂

နေပြည်တော်တိုင်းရင်းဆေးရုံကြီး ကွင်းဆင်းဆေးကုသရေးအဖွဲမှ ဇေယျာသီရိမြိုနယ်၊ ရှားစေးဖို‌ကျေးရွာဘက်စုံသုံးခန်းမ၌ သစ်တပ်ကျေးရွာအုပ်စုအတွင်းမှ ပြည်သူများနှင့် အနီးနားရှိကျေးရွာများမှ ပြည်သူများအား ယနေ့နံနက်ပိုင်းက တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။

အဆိုပါနေရာသို့ ဇေယျာသီရိခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်လွင်လွင်ကျော်၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ အတွင်းရေးမှူး ဒေါ်တင့်တင့်၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ခင်ချမ်းမြေ့ဦးနှင့်အသင်းဝင်များ၊ မြို့နယ်အမျိုး သမီးရေးရာ အဖွဲ့ဝင်များက လိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက်ရှိပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် နေပြည်တော်တိုင်းရင်းဆေးရုံ ဒုတိယဆေးရုံအုပ် ဦးလှမော်၊ လေငန်းရောဂါနှင့် အထွေထွေရောဂါကုသမားတော်များ၊  တိုင်းရင်းဆေး ဆရာ/ ဆရာမများနှင့် တိုင်းရင်းဆေးတက္ကသိုလ်မှ အလုပ်သင် ဆရာ၊ ဆရာမများကကွင်း ဆင်းဆေးကုသပေးခြင်းဖြစ်ပြီး ဇေယျာသီရိမြိုနယ်၊ သစ်တပ်ကျေးရွာအုပ်စုနှင့်အနီးနားရှိ ကျေးရွာများမှ ဆေးကုသမှုခံယူသူ ပြည်သူများအား သွေးတိုး၊ ဆီးချို၊ ဒူးနာ၊ ခါးနာ၊ အာရုံကြော ရောဂါများ၊ အဆစ်ရောင်၊ လေးဘက်နာ၊ ခေါင်းမူး၊ ခေါင်းကိုက်၊ အကြောတက်၊ ကိုက်ခဲ၊ လေးဖြတ်၊ လေးငန်းရောဂါ၊ ထုံနာကျင်နာရောဂါများ ကုသပေးခဲ့ပြီး တိုင်းရင်းဆေးပညာအကြောင်း သိကောင်းစရာများနှင့် မိုးရာသီတွင်ဖြစ်ပွားတတ်သော ရောဂါများအကြောင်းကို ရှင်းလင်းဟောပြောခဲ့သည်။

ထွန်းလင်း(ဇေယျာမြေ)