သတင်းများ

သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့တွင် မုံရွာမြို့ တန်ခိုးကြီးဘုရားများ၌ ဘုရားဖူးလာပြည်သူများဖြင့် အထူးစည်ကား
Oct 06,2025
သီတင်းကျွတ်လပြည့်နေ့သည် ဗုဒ္ဓဘာသာသက်ဝင် ယုံကြည်သူတို့အတွက် နေ့ထူးနေ့မြတ်ကြီးတစ်နေ့ ပင်ဖြစ်သည်နှင့်အညီ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ပေါ်ရှိ ရွှေစည်းခုံ‌စေတီတော်မြတ်ကြီးနှင့် အခြားသောတန်ခိုးကြီးဘုရားစေတီများတွင် အောက်တိုဘာလ ၆ ရက်နေ့နံနက်ပိုင်းမှစ၍ ဘုရားဖူးလာပြည်သူများ၊ ကုသိုလ်ကောင်းမှု ပြုကြသူများဖြင့်လည်းကောင်း၊ မုံရွာမြို့ ဗိုလ်ချုပ်လမ်းအနီးအနောက်ဘက်ကန်သာယာနှင့် အရှေ့ဘက်ကန်သာယာတို့ရှိ ပြည်ထောင်စုရင်ပြင်၊ လွတ်လပ်ရေးရင်ပြင် တို့အပြင် ကျောက္ကာလမ်းအနီးရှိ ပြည်သူ့ဥယျာဥ်တို့တွင် အများပြည်သူ အပန်းဖြေလာရောက်ကြသူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပဲခူးမြို့၌ သီတင်းကျွတ်မီးထွန်းပွဲတော်၊ မီးမျှောပူဇော်ပွဲ၊ MSMEs လယ်ယာသုံးစက်ကိရိယာ ပစ္စည်းထုတ်ကုန်များပြိုင်ပွဲနှင့် ယိမ်းပြိုင်ပွဲဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပ ပြုလုပ်
Oct 06,2025
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ အောက်တိုဘာလ (၅) ရက်နေ့၊ ညနေပိုင်းကပဲခူးမြို့၊ သီတင်းကျွတ်မီးထွန်းပွဲတော်၊ မီးမျှောပူဇော်ပွဲ၊ MSMEs လယ်ယာသုံးစက်ကိရိယာ ပစ္စည်းထုတ်ကုန်များပြိုင်ပွဲနှင့် ယိမ်းပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားတို့အား စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
ရန်ကင်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကျင်းပရန်အတွက် မဲဆန္ဒရှင်အမည်စာရင်းများ ကပ်ထားကြေညာ
Oct 06,2025
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကျင်းပရန် မဲဆန္ဒရှင်အမည်စာရင်းများ ကပ်ထားကြေညာထားခြင်းကို ရန်ကင်း မြို့နယ်အတွင်းရှိ မဲဆန္ဒရှင် ပြည်သူစာရင်း(နည်းဥပဒေ-၄)တွင်ပါဝင်သည့်မဲဆန္ဒရှင်ပြည်သူအမည်စာရင်းများအား မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များကစက်တင်ဘာ၃၀ရက်မှစတင်၍ ကြေညာသည်။
ရေနံချောင်းမြို့၌ သီတင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော်နေ့)တွင် တန်ခိုးကြီးဘုရားစေတီများ၌ ကုသိုလ်ဒါနပြုကြသူများဖြင့် စည်ကားများပြား
Oct 06,2025
မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် သီတင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော်နေ့) အောက်တိုဘာ ၆ ရက်တွင် မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့ရှိ တန်ခိုးကြီးဘုရားစေတီများ၊ ရပ်ကွက် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ ဓမ္မာရုံများတွင် ဥပုသ်သီလဆောက်တည်ခြင်းများ ကုသိုလ်ဒါနပြုသူများဖြင့် အထူးစည်ကားလျက်ရှိသည်။
မိုင်းယုမြို့၌ သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မအခါတော်နေ့)အခမ်းအနားကျင်းပ
Oct 06,2025
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် အဘိဓမ္မအခါတော်နေ့ အခမ်းအနားကို  သီတင်းကျွတ်လပြည့်နေ့၊ နံနက်ပိုင်းက မြို့မရပ်ကွက် ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်း၌ ကျင်းပသည်။
ကျိုက်ထိုမြို့နယ်တွင်အဘိဓမ္မာအခါတော်နေ့တန်ခိုးကြီးဘုရားများနှင့်ဘုန်း‌တော်ကြီးကျောင်းများ၌ကုသိုလ်ဒါနပြုလုပ်သူများဖြင့်စည်ကားလျက်ရှိ
Oct 06,2025
မွန်ပြည်နယ် ကျိုက်ထိုခရိုင် ကျိုက်ထိုမြို့နယ်တွင်အဘိဓမ္မာအခါတော်နေ့ဖြစ်သော‌ အောက်တိုဘာ ၆ ရက် ဝါကျွတ်လပြည့်နေ့တွင်ရပ်ဝေးရပ်နီးမှပြည်သူအများသည် ဥပုသ်သီလ ဆောက်တည်ခြင်းတန်ခိုးကြီးဘုရားများအား သွားရောက်ဖူးမြော်ခြင်းမိဘဆရာများအား မိသားစုအလိုက်တ‌ပျော်တပါးသွားရောက်ဂါရဝပြုကန်‌တော့၍အလှူဒါနများအားပြုလုပ်လျက်ရှိသည်။
ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏  ဗုဒ္ဓပူဇနိယပွဲတော် အား သီတင်းကျွတ် လပြည့်နေ့မှ ကဆုန်လပြည့်နေ့ထိ ကျင်းပသွားမည်
Oct 06,2025
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်၌ တည်ရှိသည့်ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ ဗုဒ္ဓဘိသေကအနေကဇာတင်ပွဲနှင့် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲ မင်္ဂလာအခမ်းအနားကို မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် သီတင်းကျွတ်လပြည့် ‌အောက်တိုဘာ ၆ ရက်  နံနက် ၅ နာရီခွဲက ဆံတော်ရှင်ကျိုက်ထီးရိုးရင်ပြင်တော်၌ ကျင်းပသည်။ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏  ဗုဒ္ဓပူဇနိယပွဲတော် အား သီတင်းကျွတ် လပြည့်နေ့မှ ကဆုန်လပြည့်နေ့ထိ ကျင်းပသွားမည် ဖြစ်ကြောင်းသိရသည်။
သထုံမြို့၌ (၃၃)ကြိမ်မြောက် ဂိုဏ်းပေါင်းစုံ သံဃာ့မဟာပဝါရဏာပွဲနှင့် ဆွမ်းဆန်စိမ်းနှင့်လှူဖွယ်များ စုပေါင်းလောင်းလှူပွဲ ကျင်းပ
Oct 06,2025
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ဂိုဏ်းပေါင်းစုံဆရာတော်ကြီးများကြီးမှူး၍ ကျောင်းတိုက်အသီးသီးတို့မှ ဂိုဏ်းပေါင်းစုံ သံဃာတော်များ သံဃာ့မဟာပဝါရဏာပြုပွဲနှင့် ပဝါရဏာပြုသံဃာတော်များအား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်များ စုပေါင်းလောင်းလှူခြင်းကို သီတင်းကျွတ်လပြည့်‌ (အဘိဓမ္မာအခါတော်နေ့) မွန်းလွဲပိုင်းက လေးဆူဓာတ်စံရွှေစာရံစေတီတော် တောင်ဖက်မုခ်အနီးရှိ ကလျာဏီသိမ်တော်ကြီး၌ ကျင်းပသည်။