လယ်ဝေးမြို့နယ်၌ “ကျေးလက်ဒေသဖွံ့ဖြိုးရေး” ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကျင်းပ
Jul 12,2026
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ် ပြည်သူ့လွှတ်တော်လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် ရဲတပ်ဖွဲ့မှူးရုံး၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ “ကျေးလက်ဒေသဖွံ့ဖြိုးရေး” ပြည်သူ့စကားဝိုင်း (Public Talk) ကို ယနေ့နံနက် ၉ နာရီက ညိုပင်ကျေးရွာဓမ္မာရုံ၌ ကျင်းပသည်။