သတင်းများ

၂၀၂၁-၂၀၂၂ ပညာသင်နှစ် ဝန်ထမ်းသားသမီးများအား ပညာသင်စရိတ် ထောက်ပံ့ပေးအပ်
Jun 16,2021
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းသား သမီးများအား ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ပညာသင်စရိတ် ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ ညနေ ၄ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြု လုပ်ခဲ့ကြောင်း သိရသည်။
ရေတာရှည်မြို့တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်
Jun 16,2021
ပဲခူးတိုင်း‌ဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပွဲကို ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က အ​ထွေ​ထွေအုပ်ချုပ်​ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့ Community Centre ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Jun 16,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် မြို့နယ်အတွင်း စာပေချစ်မြတ်နိုး တန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်နှင့်  စာပေမှရသော အသိအမြင် ဗဟုသုတများကို အသုံးချနိုင်စေရန် ရည်ရွယ်၍ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအဖွဲ့နှင့် ပူးပေါင်း၍ Community Centre ခန်းမ၌ စာဖတ်ဝိုင်းကို ယမန်နေ့ ညနေ (၃)နာရီက ဆောင်ရွက်ခဲ့သည်။
ကိုယ့်ကျေးရွာဖွံ့ဖြိုးရေး ကျေးရွာသူ/ကျေးရွာသားများကိုယ်တိုင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်
Jun 16,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်၊ ငါးရံ့ချောင်းကျေးရွာတွင် (VDP) စီမံကိန်း ရန်ပုံငွေဖြင့် ကျေးရွာဖွံ့ဖြိုးရေး ရွာတွင်းလမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ကျေးရွာပြည်သူများကိုယ်တိုင် စီမံခန့်ခွဲတက်ညီလက်ညီဝိုင်းဝန်းပူးပေါင်း လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စလင်းမြို့တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပ
Jun 16,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရှိ စည်သူခန်းမ၌ ယမန်နေ့ နေ့လည် ၁ နာရီအချိန်က မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့သည်။
ကြို့ပင်ကောက်မြို့တွင် အမျိုးသမီးကော်မတီအစည်းအဝေးကျင်းပ
Jun 16,2021
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမတွင် အမျိုးသမီးကော်မတီအစည်းအဝေးကို ဇွန်လ ၁၆ ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။
မင်းလှမြို့နယ်အတွင်းရှိအခြေခံ ပညာကျောင်းများမှ ဆရာဆရာမ (၂၅၆) ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး
Jun 16,2021
ပဲခူးတိုင်းဒေသကြီး၊မင်းလှမြို့နယ် အတွင်းရှိ အခြေခံပညာကျောင်း ပေါင်း(၁၅၅)ကျောင်းမှ သင်ကြားရေး ဆရာ ဆရာမဝန်ထမ်းများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံပေးခြင်းကို ဇွန်လ ၁၅ ရက် နံနက် ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံ၌ စတင်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။