မိုးမောက်မြို့နယ်တွင် အသက်(၈၅)နှစ်အထက် ဘိုးဘွားများအား ထောက်ပံ့ငွေပေးအပ်
Jun 16,2021
ကချင်ပြည်နယ် ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်အတွင်းရှိ လူမှုဝန်ထမ်းဦးစီး ဌာနမှ မိုးမောက်မြို့နယ်၊ ဒေါ့ဖုန်းယန်မြို့နှင့် လွယ်ဂျယ်မြို့တို့ရှိ (၈၅)နှစ်အထက် ဘိုးဘွားများအား လူမှုရေးထောက်ပံ့ငွေ တစ်ဦးလျှင် (၃၀၀၀၀)ကျပ်နှုန်းဖြင့် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဆွေနှင့် အဖွဲ့ဝင်များက ယမန်နေ့ နံနက် (၁၁)နာရီက မြို့ပေါ်ရပ်ကွက်ရှိ သက်ကြီးဘိုးဘွားများအားသွားရောက်ထောက်ပံ့ရာ ကြေးနန်းရပ်ကွက်မှ အဘိုးဦးဘိုးရင်နှင့် အလင်းကောင်ရပ်ကွက်မှ အဖွားဒေါ်မှုံတို့က လက်ခံရယူခဲ့သည်။