သတင်းများ

ဖလမ်းမြို့၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရသူ(၁၁)တိုးလာ
Jun 16,2021
ချင်းပြည်နယ်၊ ဖလမ်းမြို့၌ ဇွန်လ ၁၅ ရက်နေ့တွင် ကိုဗစ်-၁၉ရောဂါကူးစက်ခံရသူ(၁၁)ဦးတိုးလာကြောင်း သိရသည်။ ဖလမ်းမြို့နေပြည်သူများအား ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရမှုရှိ/မရှိ RDT Test Kit ဖြင့် နေ့စဉ်စစ်ဆေးပေးလျက်ရှိရာ ဇွန်လ ၁၅ ရက်နေ့တွင် ကိုဗစ်-၁၉ရောဂါကူးစက်ခံရသူ (၁၁)ဦး တိုးလာကြောင်း ၊ ဖလမ်းမြို့တွင် ယနေ့အထိ ကိုဗစ်-၁၉ရောဂါကးစက်ခံရသူစုစုပေါင်း (၆၂)ဦးထိရှိလာပြီး (၂)ဦး သေဆုံးကြောင်း ခရိုင်ပြည်သူ့ဆေးရုံမှသိရသည်။
ဆီဆိုင်မြို့နယ်တွင် မိုးရာသီသစ်ပင်စိုက်ပျိုးနိုင်ရန်အတွက်ပျိုးပင်ပေါင်း နှစ်သိန်းကျော်ပျိုးထောင်ထားရှိ
Jun 16,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် အပူဒဏ်ကာကွယ်နိုင်ရေးအတွက် ၂၀၂၀-၂၀၂၁ မိုးရာသီသစ်ပင် စိုက်ပျိုးနိုင်ရန်အတွက် ပျိုးပင်ပေါင်း(၂၉၉,၃၅၀)အား ပျိုးထောင်ထားရှိကြောင်း မြို့နယ်သစ်တော ဦးစီးဌာနမှ သိရသည်။
ဝေါမြို့နယ်ဆင်ရွာကျေးရွာ၌ လေဆင်နှာမောင်း တိုက်ခတ်မှု ဖြစ်ပွားခဲ့
Jun 16,2021
ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်ဆင်ရွာကျေးရွာတွင် ယမန်နေ့ညနေ ၃နာရီ အချိန်ခန့်တွင် လေဆင်နှာမောင်း တိုက်ခတ်မှုဖြစ်၍ ဆင်ရွာကျေးရွာရှိ လူနေအိမ်ပြိုလဲ ( သွပ်မိုး ၊ ပျဉ်ထောင် ၊ပျဉ်ခင်း)(၂ )လုံး၊ တောင်ထန်းမိုး၊ ထရံကာ ၊ပျဉ်ခင်း) (၁) လုံးပြိုလဲစုစုပေါင်း (၃) လုံး၊ လူနေအိမ်အမိုးလန် သွပ်မိုး (၄၅) လုံးနှင့် တောင်ထန်းမိုး (၂) လုံး၊ အမိုးလန်စုစုပေါင်း (၄၇) လုံး လေဘေးသင့်ဒဏ်ခံခဲ့ရသည်။
သာယာဝတီမြို့နယ်တွင် မိုးစပါး ၂၇၄၇၄ ဧက စိုက်ပျိုးထားရှိ
Jun 16,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့တွင် ၂၀၂၁ ခုနှစ်တွင် မိုးစပါး ၂၇၄၇၄ ဧကအား မေလပထမပတ်မှစတင်ကာ စိုက်ပျိုးခဲ့ပြီး မိုးရေအပြင် သုံးဆယ်ရေလှောင်တမံမှ ၅၀၉၁၇ ဧက၊ သဲကောဆည်မှ ၉၆၇ ဧက၊ စက်ရေတွင်းမှရရှိသောရေဖြင့် ၆၄၂ ဧကနှင့် မုယင်းဆည်ရေဖြင့် ၈၉၀ ဧက စုစုပေါင်း (၂၇၄၇၄)ဧက စိုက်ပျိုးထားရှိပြီး၊၂၀၂၁ ခုနှစ် ဇွန်လပထမပတ်တွင် စိုက်ပျိုးပြီးစီးခဲ့ကြောင်း သြဂုတ်လဆန်းပိုင်းတွင် စတင်ရိတ်သိမ်းနိုင်မည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
တန့်ယန်းမြို့နယ်တွင် ဌာနဆိုင်ရာ နိုင်ငံဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး
Jun 16,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ပညာရေးဝန်ထမ်းများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား ဇွန်လ ၁၄ ရက်နေ့ နံနက် ၉ နာရီမှ စတင်၍ အမှတ်(၃) တပ်မတော် ဆေးရုံ(ခုတင်-၂၅)၌ ထိုးနှံပေးသည်။
ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့တွင် ၂၀၂၁ ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင် စိုက်ပျိုးပွဲကျင်းပ
Jun 16,2021
ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကျုံမ‌ငေးမြို့တွင်၂၀၂၁ ခုနှစ်၊ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက် ၉ နာရီက ကျုံမငေးမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝန်းအတွင်း ကျင်းပခဲ့ကြောင်းသိရသည်။
ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံနှင့်အဆင့်မြင့်အပ်ချုပ်စက် သင်တန်းဖွင့်လှစ်
Jun 16,2021
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက် ပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အသက်မွေးဝမ်းကျောင်းလုပ်ငန်းတစ်ခုဖြစ်သည့် အခြေခံနှင့်အဆင့်မြင့်အပ်ချုပ်စက်သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက်(၁၀)နာရီက ဝက္ကမူကျေးရွာဓမ္မာရုံ၌ ကိုဗစ်-၁၉ သတ်မှတ်ချက်များနှင့်အညီ ကျင်းပခဲ့သည်။
တန့်ယန်းမြို့နယ်တွင် စူဠဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ
Jun 16,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်တွင် ၂၀၂၀-ပြည့်နှစ် အစိုးရ ပါဠိပထမပြန်စာမေးပွဲ၌ အခြေပြုမူလတန်း၊ ပထမငယ်၊ ပထမလတ်၊ ပထမကြီးတန်းများကို ဖြေဆိုအောင်မြင်တော်မူခဲ့ကြ သော ရဟန်း၊ သာမဏေ၊ သီလရှင်များအား စာမေးပွဲအောင်လက်မှတ်နှင့် ဂုဏ်ပြုအလှူတော်ငွေ များ ဆက်ကပ်လှူဒါန်းသည့် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ဇွန်လ ၁၅ ရက် နေ့လည် ၁၂ နာရီတွင် မဟာမြတ်မုနိ ဘုရာကြီး၌ ကျင်းပသည်။