မင်းလှမြို့နယ်အတွင်းရှိအခြေခံ ပညာကျောင်းများမှ ဆရာဆရာမ (၂၅၆) ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး

 

မင်းလှ ဇွန် ၁၆

ပဲခူးတိုင်းဒေသကြီး၊မင်းလှမြို့နယ် အတွင်းရှိ အခြေခံပညာကျောင်း ပေါင်း(၁၅၅)ကျောင်းမှ သင်ကြားရေး ဆရာ ဆရာမဝန်ထမ်းများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံပေးခြင်းကို ဇွန်လ ၁၅ ရက် နံနက် ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံ၌ စတင်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

ကိုဗစ်- ရောဂါကာကွယ်ဆေးထိုးနှံမည့် အထက်တန်း၊ အလယ်တန်း၊မှု လတန်းပြဆရာ ဆရာပေါင်း(၂၅၆) ဦး အနက်မှ ယနေ့တွင် လာရောက်ထိုးနှံသူ စုစုပေါင်း(၄၈)ဦးကို ပထမအကြိမ် ထိုးနှံပေးနိုင်ခဲ့ပြီး ကာကွယ် ဆေးထိုး နှံရန်ကျန်ရှိသူများကိုလည်း ဆက်လက် ထိုးနှံပေးသွားမည်ဖြစ် ကြောင်း၊နောက်ထပ် (၂၈) ရက်အကြာ၌ (ဒုတိယ) အကြိမ်ကာကွယ် ဆေးအဖြစ် ထပ်မံထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာ ရေးဦးစီးဌာနမှသိရသည်။

ပေါက်စ -မင်းလှ