၂၀၂၁-၂၀၂၂ ပညာသင်နှစ် ဝန်ထမ်းသားသမီးများအား ပညာသင်စရိတ် ထောက်ပံ့ပေးအပ်

ဝမ်းတွင်း ဇွန် ၁၆

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းသား သမီးများအား ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ပညာသင်စရိတ် ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ ညနေ ၄ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြု လုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မိုးဦးက မိမိတို့သားသမီးများအား ပညာသင်စရိတ် ထောက်ပံ့ပေးရအပ်ရခြင်း နှင့်စပ်လျဉ်း၍ ရှင်းလင်း ပြေားကြားခဲ့သည်။

ထို့နောက် ၂၀၂၁-၂၀၂၂ ပညာသစ်နှစ်အတွက် ပညာသင်စရိတ်များ ထောက်ပံ့ပေးအပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မိုးဦး၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးမိုးသူ၊ ဒုတိယဦးစီးမှူး ဦးငြိမ်းချမ်းစိုး၊ ဒုတိယဦးစီးမှူး ဒေါ်အိအိလှိုင်၊ ဒုတိယဦးစီးမှူး ဒေါ်မိုးမိုးလှိုင်တို့က အထက်တန်း အဆင့်(၇)ဦး၊ အလယ်တန်းအဆင့်(၁၂)ဦး၊ မူလတန်းအဆင့်(၁၈)ဦး၊ KG(၁၀)ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ(၄၇)ဦးအား ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ ပေတံတို့အား ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)