ဝန်းသို ဇွန် ၁၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်၊ ငါးရံ့ချောင်းကျေးရွာတွင် (VDP) စီမံကိန်း ရန်ပုံငွေဖြင့် ကျေးရွာဖွံ့ဖြိုးရေး ရွာတွင်းလမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ကျေးရွာပြည်သူများကိုယ်တိုင် စီမံခန့်ခွဲတက်ညီလက်ညီဝိုင်းဝန်းပူးပေါင်း လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
“ကျွန်တော်တို့ကျေးရွာ အိမ်ခြေ ၃၀ ရှိတယ်၊ လူဦးရေနည်းတော့ အခုလိုစီမံကိန်းမျိုးကို တာဝန်ယူပြီး ဆောင်ရွက်နိုင်ပမလားဆိုပီး အစတော့တွေးပူမိတယ်၊ တကယ်တန်းလက်တွေ့လုပ်လိုက်တော့ ရွာသူရွာသား များက ကိုယ့်ကျေးရွာဖွံ့ဖြိုးရေးအတွက်ဆိုတဲ့စိတ်နဲ့ တစ်အိမ်ကိုသုံးယောက်၊ နှစ်ယောက်စီဝိုင်းဝန်းပီးတော့ လုပ်အားဒါနပြုကြတဲ့အတွက် အခုဆို လမ်းအရှည် ၁၀၀၀ လောက်ပီးနေပါပြီ၊ ကျန်ရှိနေတဲ့ရွာတွင်း လမ်း အရှည်ပေ ၃၀၀ လောက်ကိုလည်း တက်ညီလက်ညီဆောင်ရွက်လျက်ရှိပါတယ်၊ အခုလိုစီမံကိန်းကို ကျွန်တော် တို့ကျေးရွာရရှိတဲ့အတွက် တာဝန်ရှိသူများကို အထူးဝမ်းမြောက်စွာကျေးဇူးတင်ပါတယ်” ဟု ကျေးရွာအုပ်ချုပ် ရေးမှူး ဦးဝင်းမြင့်က ပြောသည်။ ငါးရံ့ချောင်းကျေးရွာကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ (VDP) ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းရန်ပုံငွေကျပ်သိန်း ၁၀၀ဖြင့် ကျေးရွာပြည်သူများ ကိုယ်တိုင် စီမံခန့်ခွဲအကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်ပြီး ဝန်းသိုမြို့နယ်တွင် ယင်းစီမံကိန်းရန်ပုံ ငွေကျပ်သိန်း ၁၀၀ စီဖြင့် ကျေးရွာပေါင်း ၂၃ ရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျေးလက်ဦးစီးမှူး ဦးမြတ်မျိုးထွန်းထံမှ သိရှိရသည်။
ကျော်မြိုင် (ပြန်/ဆက်)