နတ်တလင်းမြို့နယ်၌ စာဖတ်ဝိုင်းကျင်းပ
Jun 16,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တွင် တက္ကသိုလ်စိန်မြင့်ထွန်း၏ "ကျောင်းသားလူငယ်များအား မူးယစ်ဆေးဝါး အန္တရာယ် အသိပညာပေး သင်ခန်းစာလက်စွဲ" စာအုပ်ဖြင့် စာပေချစ်မြတ်နိုးသူ၊ စာပေဝါသနာရှင်များ စုစည်း၍ Book Club စာဖတ်ဝိုင်းကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။