မြိတ်မြို့နယ် တောင်ညိုကျေးရွာ၌ အမျိုးသမီးအခြေခံ အပ်ချုပ်စက်သင်တန်းဖွင့်ပွဲကျင်းပ
Jun 16,2021
မြိတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ခုနှစ်တွင် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသော အသက်မွေးဝမ်းကျောင်း အထောက်အကူပြုအဖြစ် တနင်္သာရီ တိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ တောင်ရှည်ကျေးရွာအုပ်စု၊ တောင်ညိုကျေးရွာ၊ ဘုန်းတော်ကြီး ကျောင်း ပါရမီစာဂစရိယ ကျောင်းဓမ္မာရုံတွင် ယမန်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန်က အခြေခံ အပ်ချုပ်စက်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ကျင်းပခဲ့သည်။