သီပေါမြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါဖြင့် အမျိးသမီးတစ်ဦးသေဆုံး
Jun 16,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ နမ့်လန်ကျေးရွာအုပ်စု၊ နမ့်လန် တိုက်နယ်ဆေးရုံမှ ကိုဗစ်−၁၉ ပိုးတွေ့လူနာများ ဖြစ်ကြသည့် အမျိုးသား(၁)ဦးနှင့်အမျိုးသမီး(၂)ဦး စုစုပေါင်း(၃)ဦး၊၄င်းတို့နှင့် ထိတွေ့ခဲ့သည့် မိသားစုဝင်(၇)ဦး စုစုပေါင်း(၁၀)ဦးအား ဇွန်လ ၁၃ရက်နေ့ ည ၁၀နာရီခန့်က နမ့်လန်ကျေးရွာအုပ်စုရှိ ဖြူစင်နှလုံးသားလူမှုကူညီရေးအသင်းနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်သူလူမှုကူညီရေးအသင်းကားများဖြင့် သီပေါမြို့နယ် ပြည်သူ့ဆေးရုံသို့ ခေါ်ဆောင်လာခဲ့ ကြောင်း သိရသည်။