သတင်းများ

မြန်မာ့ရိုးရာသိုင်းအခြေခံသင်တန်း(၁/၂၀၂၁) သင်တန်းဆင်းပွဲ အခမ်းအနား လွိုင်ကော်မြို့၌ ကျင်းပ
Jun 16,2021
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားနှင့်ကာယ ပညာသိပ္ပံ(လွိုင်ကော်)မှ ဖွင့်လှစ်သည့် မြန်မာ့ရိုးရာ အခြေခံသိုင်းသင်တန်း(၁/၂၀၂၁) သင်တန်းဆင်းပွဲကို ယနေ့နံနက် ၈နာရီခွဲက အဆိုပါ သင်တန်းကျောင်း ၊ အားကစားခန်းမ၌ ကျင်းပခဲ့သည်။
နတ်မောက်မြို့နယ် ရွာတော်ကျေးရွာအုပ်စုသို့ ပန်းခင်းစီမံချက် ကွင်းဆင်းဆောင်ရွက်
Jun 16,2021
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ နတ်မောက် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် နိုင်ငံသားစိစစ်ရေးကတ် မရရှိသေးသည့် ဒေသခံပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား လက်ဝယ်ကိုင်ဆောင်ခွင့် ရရှိစေရန်အတွက် ယမန်နေ့နံနက် (၉)နာရီ အချိန်ခန့်က နတ်မောက်မြို့နယ် ရွာတော်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများသို့ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးခဲ့ သည်။
စေတုတ္တရာမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကျွဲ၊ နွား ပေါင်ပုပ်လက်ပုပ် ရောဂါ ကာကွယ်ဆေး ထိုးနှံပေး
Jun 16,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ် အတွင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူများ၏ ကျွဲ၊ နွားများအား ပေါင်ပုတ်၊ လက်ပုတ်ရောဂါ ကာကွယ်ဆေးများထိုးနှံဆောက်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ငမကျေးရွာရှိ ဒေသခံပြည်သူများ၏ ကျွဲ၊ နွား ကောင်ရေ(၁၂၀)အား ပေါင်ပုပ်၊ လက်ပုပ် ရောဂါကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်းသိရသည်။
တောင်ငူမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိ​စေရေး အသိပညာပေး နှိုးဆော်မှုများပြုလုပ်
Jun 16,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ယနေ့ နံနက်ပိုင်းက မြို့ကြီး(၂၀) ရပ်ကွက်၊ သီတာ လမ်း၊ ညောင်ပင်လေးစျေးရှေ့ တို့၌ ပြည်သူများ သိရှိလိုက်နာရမည့် အချက်များ၊ ဆောင်ရန်/ရှောင်ရန် များအား နှိုးဆော်အသိပေး ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
သာစည်-မလှိုင်-မြင်းခြံ စာပို့ရထားပြန်လည်ပြေးဆွဲ
Jun 16,2021
မန္တလေးတိုင်း‌ဒေသကြီး၊ မလှိုင်မြို့နယ် ဘူတာ၏ သာစည်-မလှိုင်-မြင်းခြံ လမ်းပိုင်း ပြေးဆွဲလျက်ရှိသော အမှတ်(၁၁၂ )အစုန် ၊ (၁၁၁)အဆန် စာပို့ရထားသည် ယမန်နေ့ နံနက်ပိုင်းမှ စတင်၍ ပြန်လည် ပြေးဆွဲနေပြီဖြစ်ကြောင်း မလှိုင်ဘူတာ ဒုတိယရုံပိုင် ဦးလှမင်းအောင်ထံမှ သိရသည်။
ဆင်ပေါင်ဝဲမြို့ရှိ ကမ်းနားလမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်
Jun 16,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်ရှိ ကမ်းနားလမ်းအား ကွန်ကရစ်လမ်းအဖြစ် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လေဆင် နှာမောင်း တိုက်ခတ်မှုဖြစ်ပွားသည့် ဒေသခံပြည်သူများ ဝေါမြို့နယ် မီးသတ် တပ်ဖွဲ့မှ ကူညီ ကယ်ဆယ် ရေး ဆောင်ရွက်
Jun 16,2021
ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသိန်းထွန်းနှင့် တပ်ဖွဲ့ဝင်များ အရန် မီးသတ် တပ်ဖွဲ့ဝင်များ ယနေ့နံနက်ပိုင်း၌ ဝေါမြို့နယ် ဆင်ရွာကျေးရွာတွင်  ယမန်နေ့ ညနေပိုင်းက  လေဆင် နှာမောင်း တိုက်ခတ်မှုဖြစ်၍ ဆင်ရွာကျေးရွာရှိ လူနေအိမ်ပြိုလဲ ( သွပ်မိုး ၊ ပျဥ်ထောင် ၊ပျဥ်ခင်း)(၂ )လုံး၊ တောင် ထန်းမိုး၊ ထရံကာ ၊ပျဥ်ခင်း) (၁) လုံးပြိုလဲစုစုပေါင်း (၃) လုံး၊ လူနေအိမ်အမိုးလန် သွပ်မိုး (၄၅) လုံးနှင့် တောင် ထန်းမိုး (၂) လုံး၊အမိုးလန်စုစုပေါင်း (၄၇) လုံးလေဘေးသင့်ဒဏ်ခံခဲ့ရသည့် ဒေသခံ ပြည်သူ များအား ကူညီ ကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်ပေးခဲ့ကြကြောင်းသိရသည်။
စလင်းမြို့ပေါ်ရှိ အခြေခံပညာစာသင်ကျောင်းများ၌ ကျောင်းသား/သူများ ပညာသင်ကြား လျက်ရှိ
Jun 16,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့ပေါ်ရှိစာသင်ကျောင်းများတွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက်အခြေခံပညာဦးစီးဌာနအောက်ရှိ အခြေခံပညာအထက်တန်း အဆင့်၊ အလယ်တန်းအဆင့်နှင့်မူလတန်းအဆင့်ကျောင်းများကို ဇွန်လ ၁ ရက်နေ့မှစတင်၍ ပညာ သင်ကြား ပေးလျက်ရှိသည်။