ကြို့ပင်ကောက်မြို့တွင် အမျိုးသမီးကော်မတီအစည်းအဝေးကျင်းပ

 

ကြို့ပင်ကောက် ဇွန် ၁၆

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမတွင် အမျိုးသမီးကော်မတီအစည်းအဝေးကို ဇွန်လ ၁၆ ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။

အစည်းအဝေးတွင် မြို့နယ်အမျိုးသမီးကော်မတီ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်မင်းဌေးက အမျိုးသမီးများ ကဏ္ဍဆိုင်ရာ လုပ်ငန်းစဉ်များ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ အမျိုး သမီးများ ဘေးကင်းလုံခြုံစွာရပ်တည်နိုင်ရေး၊ အမျိုးသမီးများအပေါ်အကြမ်းဖက်မှု လျော့နည်းရေး၊ တားဆီး ကာကွယ်ရေး၊  ကိုရှင်းလင်းပြောကြားပြီး သာယာဝတီခရိုင် လူမှုဝန်ထမ်းရုံးမှ ဦးစီးမှူးဒေါ်မို့မို့အေးက လူမှုဝန်ထမ်း ဦးစီးဌာနမှ ဦးစီးအကေင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော အမျိုးသမီးများနှင့်ပတ်သက်သော လုပ်ငန်း ရပ်ကြီး များနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် အခမ်းအနားတက်ရောက်လာကြသော ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ် အမျိုးသမီးရေရာ အဖွဲ့ဝင် များက အမျိုးသမီးကဏ္ဍဆိုင်ရာ သိလိုသည်များကိုမေးမြန်း ဆွေးနွေးခဲ့ကြရာ မြို့နယ် အမျိုးသမီး ကော်မတီ ဥက္ကဌ နှင့် ခရိုင်လူမှုဝန်ထမ်းရုံးမှတာဝန်ရှိသူများကပြန်လည် ရှင်းလင်းဖြေကြားခဲ့သည်။

ဇေယျာထွန်း(ကြို့ပင်ကောက်)