စလင်း ဇွန် ၁၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရှိ စည်သူခန်းမ၌ ယမန်နေ့ နေ့လည် ၁ နာရီအချိန်က မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့သည်။
အဆိုပါ အစည်းအဝေးကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးထွန်းထွန်းဝင်းမှ ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးများအနေဖြင့် မိမိတို့ရပ်ရွာတည်ငြိမ်အေးချမ်းသာယာရေးနှင့် ဖွင့်လှစ်လျက်ရှိသော အခြေခံပညာကျောင်းများ တည်ငြိမ်အေးချမ်းလုံခြုံစွာ ပညာသင်ကြား ပို့ချနိုင်ရေးအတွက် ရပ်မိရပ်ဖများ၊ ကျောင်းသား/သူများ၏မိဘများ၊ ဆရာဆရာမ များနှင့်ပူးပေါင်း၍ ဆောင်ရွက်ကြရန်လိုကြောင်း၊ ဖွင့်လှစ်ရန်ကျန်ရှိသော အခြေခံပညာ ကျောင်းများကို အမြန်ဆုံးဖွင့်လှစ်နိုင်ရန်လိုကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့်လည်း နယ်မြေတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို ဆောင်ရွက်ပေး လျက်ရှိကြောင်းတို့ကိုမှာကြားခဲ့သည်။
ထို့နောက်ခရိုင်အုပ်ချုပ်ရေးအဖွဲ့ဝင်(၁)ဒုတိယဗိုလ်မှူးကြီးတင့်ကျော်နှင့် မင်းဘူးခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်နိုင်တို့က လိုအပ်သည်များကိုတင်ပြဆွေးနွေးကာ တက်ရောက်လာသော ရပ်ကွက် ကျေးရွာ အုပ်စု၊အုပ်ချုပ်ရေးမှူးနှင့်စာရေးဝန်ထမ်းများကသိရှိလိုသည်များကို မေးမြန်းကြရာ သက်ဆိုင်လူကြီးများက အသီးသီးပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြသည်။ ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ ကြောင်းသိရှိရသည်။
မောင်လွင်(စလင်း)