ရေနံချောင်းမြို့နယ်၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းသားသမီးများအား ပညာသင်စရိတ် ထောက်ပံ့ ပေးအပ်ပွဲ ပြုလုပ်

 

ရေနံချောင်း ဇွန် ၁၆

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန ရုံးဝန်ထမ်းများနှင့် ရပ်/ကျေး စာရေးဝန်ထမ်းသားသမီးများအား ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ပညာသင်စရိတ်ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက အဆိုပါ ရုံးအစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးရဲလင်းအောင်က ပညာသင်စရိတ် ထောက်ပံ့ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော် လင်းနှင့် မိသားစုစည်းရုံးရေးနှင့်စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဌ ဒေါ်ခိုင်သဇင်မြမြထွေး တို့က မူလတန်း အဆင့်မှ တက္ကသိုလ်အဆင့်အထိ ဗလာစာအုပ်၊ ဘောပင်၊ခဲတံနှင့် ပညာသင်စရိတ်ထောက်ပံ့ငွေများကို ရုံးဝန်ထမ်း များနှင့် ရပ်/ကျေးစာရေးဝန်ထမ်းများ၏ သားသမီး ၂၅ ဦးအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

စိုးသူအောင်