သတင်းများ

မုဒုံမြို့အတွင်းရှိ စျေးများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေး
Jun 16,2021
မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်အတွင်းရှိ စျေးများတွင် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်နိုင်ရန်အတွက် ရွှေဟင်္သာစျေး၌ ယနေ့ နံနက်၉နာရီက တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေးခဲ့ ကြောင်းသိရသည်။
ဇမ္ဗူသီရိမြို့နယ်၌ စာဖတ်ဝိုင်း ဆောင်ရွက်
Jun 16,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)နှင့် စာပေဝါသနာရှင်များသည်  စာရေးဆရာ လယ်တွင်းသားစောချစ်ရေးသားသည့် “ပန်းလိုချင်အပင်ကိုပျိုးတတ်မှ” စာအုပ်ကို ယနေ့နံနက် (၁၀) နာရီက ဇမ္ဗူသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ ကျင်းပခဲ့သည်။
လမိုင်းမြို့၌ မိုးရာသီ သစ်ပင်စိုက်ပွဲတော်ကျင်းပ
Jun 16,2021
မွန်ပြည်နယ် မော်လမြိုင်ခရိုင် လမိုင်းမြို့တွင်၂၀၂၁ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ဇွန်လ ၁၆ရက်နေ့ နံနက် (၉)နာရီက လမိုင်းမြို့ဘဲလမုကျေးရွာ၊ ကျေးရွာပိုင်တစ်အုပ်တစ်မ စိုက်ခင်း နေရာအတွင်းပြုလုပ်ရာ သစ်တောဦးစီးဌာနမှတာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ် ရေးမှူးနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြောက်ဦးမြို့၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့်ရေလမ်းခရီးသွား ပြည်သူများ အား Life Jacket စနစ်တကျဝတ်ဆင်ရေးအသိပညာပေး
Jun 16,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ အနေဖြင့် မိုးရာသီသို့ရောက်ရှိလာပြီဖြစ်၍ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ် မီးသတ် ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့များမှ ရေလမ်းခရီးဖြင့် သွားလာကြသော ပြည်သူများ ကျောင်း သား/သူများနှင့် မြို့မဈေးကြီးသို့ ဈေးဝယ်ရန်လာ ရောက်ကြသော ကျေးလက်နေပြည် သူများ အနေဖြင့် အသက်ကယ်အင်္ကျီ (Life Jacket)များ စနစ် တကျဝတ်ဆင်အသုံး ပြုတတ်စေ ရန် ယမန်နေ့ နံနက် ၉ နာရီက တောက်ရပ်ရပ်ကွက် ဘားဘူတောင်စက်လှေဆိပ်၌ လက်တွေ့ သရုပ်ပြ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
လမိုင်းမြို့၌ သဘာဝဘေးအန္တရာယ်နှင့် သစ်တောကဏ္ဍ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်
Jun 16,2021
မွန်ပြည်နယ်၊ လမိုင်းမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် သစ်တောဦးစီးဌာနတို့ ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်နှင့်သစ်တောကဏ္ဍအသိပညာပေးဆွေးနွေးပွဲ(Talk show)ကို ယနေ့ နံနက် ၁၀နာရီခန့်က လမိုင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၊ (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့သည်။
ကျိုက်ထိုမြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာ‌ပေး ဆွေးနွေးပွဲကျင်းပ
Jun 16,2021
သထုံခရိုင်၊ကျိုက်ထိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Center) ခန်းမတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာ‌ပေး ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက ပြုလုပ်ခဲ့ကြောင်းသိရသည်။
တာမွေမြို့နယ်တွင် " မူးယစ်ဆေးဝါးအန္တရာယ် " အသိပညာပေး စာဖတ်ဝိုင်းကျင်းပ
Jun 16,2021
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်အတွင်းရှိ ပြည်သူများအား မူးယစ်ဆေးဝါး နှင့်စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများကြောင့် လူနေမှုဘဝများ၏ ထိခိုက်နစ်နာဆုံးရှုံးရမှုများ၊ မူးယစ်ဆေး သုံးစွဲခြင်း၏ အစဖြစ်သည့် ကွမ်းစားခြင်းနှင့်ဆေးလိပ်သောက်ခြင်း၏ ဆိုးကျိုးအန္တရာယ်များ အကြောင်း သိရှိနားလည် စေပြီး မူးယစ်ဆေးဝါးဆိုလျှင် ဝေးဝေးကပင် ရှောင်ရှားနိုင်ကြစေရန်ရည်ရွယ်၍ ယနေ့မွန်းလွဲပိုင်းအချိန်က တာမွေမြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)မှ စီစဉ်ကျင်းပသော " မူးယစ်ဆေးဝါး အန္တရာယ် " အသိပညာပေး စာဖတ်ဝိုင်းဆွေးနွေးပွဲကို တာမွေမြို့နယ် အဝေရာလမ်းရှိ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။
မူဆယ်မြို့တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရန် ကျန်ရှိသည့် ပညာရေးဝန်ထမ်းများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား ပထမအကြိမ်ထိုးနှံပေး
Jun 16,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် မူဆယ်မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံရန် ကျန်ရှိသည့် ပညာရေးဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ဌာနဆိုင်ရာဝန် ထမ်းများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ယမန်နေ့ နံနက် ၉ နာရီမှ စတင်၍ မူဆယ်မြို့ ပြည်သူ့ဆေးရုံ၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။