ငပုတောမြို့၌ ကိုဗစ်-၁၉ရောဂါပိုး တွေ့သည့်လူနာ၇ဦးထိရှိလာပြီဖြစ်
Jun 16,2021
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့မရဲစခန်းတွင် ချုပ်နှောင်ထားသည့် အချုပ်သားအမျိုးသား ၃၁ဦး ရှိသည့်အနက်မှ အမျိုးသား ၁၂ဦး အား ဒုရဲအုပ်မျိုးသူရကျော် ဦးဆောင်သော ရဲတပ်ဖွဲ့ဝင် ၅ဦးဖြင့် ယမန်နေ့တွင် ပုသိမ်အကျဉ်းထောင်သို့ ပို့ဆောင်ပြီး ကိုဗစ်-၁၉ရောဂါပိုး စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။