ရန်ကုန် ဇွန် ၁၇
၂၀၂၁ခုနှစ် ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ၄ ခရိုင် အသက် ၂၅ နှစ်နှင့် အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ယမန်နေ့ ညနေ ၃ နာရီက ရန်ကုန်အရှေ့ပိုင်းခရိုင် သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏဘောလုံးကွင်းတွင် ကျင်းပခဲ့သည်။
အဆိုပါပွဲစဉ်တွင် တောင်ပိုင်းခရိုင် အမျိုးသမီးဘောလုံးအသင်းမှ ၃ ဂိုး အရှေ့ပိုင်းခရိုင် အမျိုးသမီး ဘောလုံးအသင်းမှ ၁ ဂိုးဖြင့် တောင်ပိုင်းခရိုင်အသင်းမှ အနိုင်ရရှိခဲ့သည်။ ညနေ ၅ နာရီအချိန်တွင် ဆုပေးပွဲအခမ်းအနားကို ကျင်းပရာ အကောင်းဆုံး ရှေ့တန်းကစားသမားဆု ရရှိသော အရှေ့ပိုင်းခရိုင် အသင်းမှ ကျောနံပါတ်(၁၁) မခင်စုမြတ်အား ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီး အားကစားအဖွဲ့ ဆပ်ကော်မတီဥက္ကဋ္ဌ ဒေါ်မာလာဝင်းမှ ဆုတံဆိပ်နှင့်အတူ ငွေသားဆုကျပ် ၅ သောင်းကိုလည်းကောင်း၊ အကောင်းဆုံး နောက်တန်းကစားသမားဆုရရှိသော တောင်ပိုင်းခရိုင်အသင်းမှ ကျောနံပါတ် (၃) မစိုးကလျာထွန်းအား ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(၇) ဦးဋ္ဌေးအောင်မှ ဆုတံဆိပ်နှင့်အတူ ငွေသားဆုကျပ် ၅ သောင်းကိုလည်းကောင်း၊ အကောင်းဆုံး အလယ်တန်း ကစားသမားဆုရရှိသော အရှေ့ပိုင်းခရိုင်အသင်းမှ ကျောနံပါတ်(၇) မခင်စန်းလွင်အား ရန်ကုန်တိုင်း ဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(၃) ဦးအောင်သန်းဦးမှ ဆုတံဆိပ်နှင့်အတူ ငွေသားဆုကျပ် ၅ သောင်းကိုလည်းကောင်း၊ အကောင်းဆုံး ဂိုးကစားသမားဆုရရှိသော မြောက်ပိုင်းခရိုင်အသင်းမှ မအိတာရာအား ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်(၂) ဦးဗိုလ်ဋ္ဌေးမှ ဆုတံဆိပ်နှင့် အတူ ငွေသားဆုကျပ် ၅ သောင်းကိုလည်းကောင်း၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးကစားသမားဆု ရရှိသော တောင်ပိုင်းခရိုင်အသင်းမှ ကျောနံပါတ်(၇) မယမင်းဖြူအား ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီးဝင်းတင့်မှ ဆုတံဆိပ်နှင့်အတူ ငွေသားဆုကျပ် ၁ သိန်းကိုလည်းကောင်း အသီးသီးပေးအပ်ခဲ့သည်။
ဆက်လက်ပြီး ဒုတိယဆုရရှိသော အရှေ့ပိုင်းခရိုင် အမျိုးသမီးဘောလုံးအသင်းအား ရန်ကုန်တိုင်း ဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်(၄) ဦးဇော်ဝင်းမှ တစ်ဦးချင်းဆုတံဆိပ်များနှင့်အတူ ငွေသား ဆု ကျပ်(၅)သိန်းကိုလည်းကောင်း၊ ပထမဆုရရှိသော တောင်ပိုင်းခရိုင် အမျိုးသမီး ဘောလုံးအသင်းအား ရန်ကုန်တိုင်း ဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးလှစိုးမှ တစ်ဦးချင်း ဆုတံဆိပ်များ၊ ငွေသားဆု ကျပ်(၁၀)သိန်းနှင့်အတူ တံခွန်စိုက်ဆုဖလားကို ပေးအပ်ခဲ့ကြောင်း သိရသည်။