မိုင်းရယ် ဇွန် ၁၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင် မိုင်းရယ်မြို့နယ် ကိုဗစ်-၁၉ ကြိုတင် ကာကွယ်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမိုးအောင်က "ယခုအခါ ကိုဗစ်-၁၉ ရောဂါပိုးသည် အသွင်ပြောင်းပုံသဏ္ဍန်ဖြင့် ကူးစက်ပျံ့ပွားလျက်ရှိကြောင်း၊ မိမိတို့မြို့နယ် အတွင်းသို့ ကူးစက်ပျံ့ပွားမှုမရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေး အသင်းအဖွဲ့များအနေဖြင့် ကိုယ့်မြို့ကိုယ့်ရွာအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှု မရှိစေရေးအတွက် ကြိုးစားဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မိမိရပ်ရွာအတွင်း သံသယရှိသူများရှိပါက တာဝန်ရှိသူများထံ သတင်းပေးပို့သွားရန်လိုအပ်ကြောင်း" ပြောကြားသည်။
ထို့နောက် မြို့နယ်ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း ကော်မတီဝင်များနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များမှ ကြိုတင်ကာကွယ်ရေး လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ အသီးသီးဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မိုင်းရယ် ပြန်/ဆက်