မိုင်းငေါ့ ဇွန် ၁၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့်(Youth Club) လူငယ်များအသင်းတို့ပူးပေါင်း၍ အရှင်ဇနက(မန္တလေး စာသင်သား) ရေးသားသည့် ကိုယ့်ကိုယ်ကိုယ် အားပေးကူညီခြင်း စာအုပ်အား စာဖတ်ဝိုင်းပြုလုပ်ခြင်းကို ယမန်နေ့ မွန်းလွဲ(၁)နာရီက မိုင်းငေါ့မြို့ ပြည်သူ့စာကြည့်တိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။
စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ စာကြည့်တိုက် လက်ထောက်-၃-ဒေါ်မို့မို့ က စာအုပ်စာပေ ချစ်မြတ်နိုးသူများ ပိုမိုတိုးပွား လာစေရန် နှင့် တစ်ဦး နှင့် တစ်ဦး အတွေးအခေါ် အသိအမြင် ဗဟုသုတများအား ပြန်လည်မျှဝေတတ်စေရန် ရည်ရွယ်၍ ယခုလို စာဖတ်ဝိုင်းများပြုလုပ်ရခြင်းဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသော Youth Club အဖွဲ့ဝင်များဖြစ်ကြသည့် မောင်စိုးဝင်းထွဋ် က“စိတ်ချမ်းသာ အောင်နေပါ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မချယ်ရီဦးက “ကိုယ်ကိုယ်ကို ဖေးမ ကူညီခြင်း”ခေါင်းစဉ် ဖြင့်လည်းကောင်း၊ မသဇင်ဖူး က”အမှိုက်” ခေါင်းစဉ် ဖြင့်လည်းကောင်း၊ မစောမွန်သန့်က “သောကဖြစ်သောစိတ်ဆိုတာ”ခေါင်းစဉ်ဖြင့်လည်းကောင်း စသည့်ခေါင်းစဉ် များအလိုက် ရေးသားထားသည့်အကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြင့်သွယ်(ပြန်/ဆက်)