ပေါင်းတည်မြို့နယ်တွင် နှာခေါင်းစည်း Mask တပ်ဆင်ရေးအဖွဲ့များ ခွဲနေ့စဉ်အရှိန်အဟုန်မြှင့် ဆောင်ရွက်


ပေါင်းတည်ဇွန်၁၇



ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် နေအိမ်ပြင်ပသို့ထွက်ခွာတိုင်း နှာခေါင်းစည်း Mask တပ်ဆင်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ယနေ့ နံနက်၈ နာရီက ပြည်ခရိုင်‌၊ ပေါင်းတည်မြို့နယ်အတွင်း လူစည်းကားရာ နေရာများဖြစ်သော ဈေး(၂)ရပ်ကွက်ဘုရားကြီးလမ်းတွင် အဖွဲ့များခွဲ၍ နှာခေါင်း စည်း Mask မတပ်ဆင်ဘဲသွားလာနေသူများအား  နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေပေးပြီး အသိပညာပေးမှုများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေကြောင်း သိရသည်။

 

ထို့သို့ Mask Campaign ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊ လျှပ်စစ်ဓါတ်အားဖြန့်ဖြုး‌ရေးလုပ်ငန်း၊ မြန်မာ့စီးပွားရေးဘဏ်တို့ ပူးပေါင်း၍ ကားများ ဆိုင်ကယ်များ အနှေးယာဉ်များနှင့် လမ်းသွား လမ်းလာများတွင် နှာခေါင်းစည်း မတပ်ဆင်ဘဲ ဖြတ်သန်းသွားလာပါက နှာခေါင်းစည်း Mask အခမဲ့တပ်ဆင်ပေးခြင်းနှင့် အသိပညာပေးမှုများ ဆောင်ရွက်နေကြောင်း သိရသည်။


ကိုဗစ်-၁၉ ရောဂါသည် လူတစ်ယောက်က နေလူအများသို့ ကူးစက်နိုင်ပြီး ကူးစက်ရာတွင်ဖြစ်နိုင်ချေ အများဆုံးသည် အသက်ရှူလမ်းကြောင်းကို တိုက်ရိုက်ရောက်သည့်
နှာခေါင်း၊ ပါးစပ်တို့အား ကာကွယ်သည့်အနေဖြင့် နေအိမ်ပြင်ပသို့ ထွက်ခွာတိုင်းနှာခေါင်းစည်း Mask တပ်ဆင်သည့် အလေ့အကျင့်ကောင်း ရရှိစေရန်နေ့စဉ်အရှိန်အဟုန်မြှင့် စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။


 ချစ်နှင်းသုန်