တံတားဦးမြို့တွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်း ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်

တံတားဦး  ဇွန်   ၁၇

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် ယာဉ်စည်းကမ်း ၊ လမ်းစည်းကမ်းထိန်းသိမ်းရေး လုပ်ငန်းကို ယနေ့နံနက်(၁၀)နာရီက တံတားဦး-မြို့သာ ကားလမ်းပေါ်တွင် ဘေးအန္တယ်ရာယ် ကင်းဝေးရေးနှင့် ပြည်သူများ အတွက် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါလုပ်ငန်းဆောင်ရွက်ရာသို့ တံတားဦးမြို့နယ် ရဲတပ်ဖွဲ့မှူး၊ ရဲမှူးအေးနိုင်ဦးနှင့် တပ်ဖွဲ့ဝင်များ၊ နယ်မြေခံ လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ခံအရာရှိနှင့်တပ်ဖွဲ့ဝင်များ၊ အမှတ်(၉၂) ရဲယာဉ်ထိန်းရဲတပ်ဖွဲ့စု (ကျောက်ဆည်)၊ တံတားဦးမြို့နယ် ရဲယာဉ်ထိန်းရဲတပ်ဖွဲ့စိတ်မှ ဒုရဲအုပ်မင်းအောင်တို့အဖွဲ့သည် ခရီးသွားပြည်သူများအား ယာဉ်အန္တရာယ်ကင်းဝေးရေး စိတ်ချမ်းမြေ့စွာ သွားလာနိုင်ရေးတို့အတွက် ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်။ ယာဉ်စည်းကမ်း လမ်းစည်းကမ်း ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်ရာတွင် မော်တော်ကားများ၊ မော်တော်ဆိုင်ကယ်များကို ပိတ်ဆို့ရှာဖွေခြင်း၊ ယာဉ်လိုင်စင်နှင့် ယာဉ်မောင်းလိုင်စင်များ စစ်ဆေးခြင်း၊ အသိပညာပေးလုပ်ငန်းများကို မကြာခဏ ပြုလုပ်မည် ဖြစ်ကြောင်း၊ ၎င်းအပြင် ယာဉ်အန္တရာယ်ဖြစ်ပွားသည့် အကြောင်းအရင်းများမှာ   ယာဉ်စည်းကမ်း လမ်းစည်းကမ်းကို လိုက်နာမှုမရှိခြင်း၊ ယာဉ်မောင်းနေစဉ်အတွင်း လက်ကိုင်ဖုန်းပြောခြင်းနှင့် အရက်သေစာ သောက်စားပြီး မောင်းနှင်ခြင်း၊ ယာဉ်မောင်းအိပ်ငိုက်ခြင်း၊ သတ်မှတ်အမြန်နှုန်းထက် ကျော်လွန်မောင်းနှင်ခြင်း၊ မော်တော်ဆိုင်ကယ်များတွင် နှစ်ဦးထက်ပိုစီးခြင်းတို့ကြောင့် ယာဉ်အန္တရာယ် ဖြစ်ပွားကြောင်း အမှတ်(၉၂)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(ကျောက်ဆည်) တံတားဦးမြို့နယ် ရဲယာဉ်ထိန်း ရဲတပ်ဖွဲ့စိတ်မှ ဒုရဲအုပ်မင်းအောင်၏ ပြောကြားချက်များအရ သိရသည်။

ရဲတင့်(တံတားဦး)