ဇလွန်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှအသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ပေးအပ်ပွဲကျင်းပ

ဇလွန်   ဇွန်    ၁၇

ဧရာ၀တီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ အသက် (၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီ အချိန်ခန့်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည်။

ထောက်ပံ့ပေးအပ်သည့် လူမှုရေးပင်စင်မှာ၂၀၂၀ - ၂၀၂၁ ခုဘဏ္ဍာရေးနှစ် ဒုတိယသုံးလပတ် ဖြစ်သည့် ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်လတို့အတွက်ဖြစ်ပြီး တစ်လလျှင် ငွေကျပ် (၁၀၀၀၀) နှုန်းဖြင့် သုံးလစာငွေကျပ် (၃၀၀၀၀)ကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့်အဖွဲ့ဝင်များက ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများထံ လွဲပြောင်း ပေးအပ်ခဲ့ပြီး ဇလွန်မြို့နယ်တွင်မြို့ပေါ်ရပ်ကွက် ( ၅ ) ရပ်ကွက် နှင့် ကျေးရွာအုပ်စု ( ၆၆ ) အုပ်စုတို့တွင် ထောက်ပံ့ပေးအပ်ရသည့်ဘိုးဘွားစုစု ပေါင်း ( ၁၂၂၃ ) ဦးရှိကြောင်း မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။

ဝေယံ-ဇလွန်(ပြန်/ဆက်)