သာယာဝတီ ဇွန် ၁၇
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့ရှိ ရပ်ကွက်များအတွင်း မိုးတွင်းကာလ ရေစီးရေလာ ကောင်းမွန်စေရေး အတွက် ရေနုတ် မြောင်းများ တူးဖော်ခြင်းလုပ်ငန်းကို ယနေ့နံနက် ၈ နာရီက ရေဝေရပ်ကွက်၌ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ရပ်ကွက်အတွင်းရှိ လမ်း ဝဲ/ယာ များမှ အဓိက ရေထွက်ပေါက်များ၊ ရေနုတ်မြောင်းများ အတွင်းရှိ အမှိုက်များ၊ ရေနုတ်မြောင်းများကို လူအင်အား၊ စက်ယန္တရားများဖြင့် မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများက ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
သန့်ဇော်