အုတ်ဖိုမြို့ မိုးညိုတန်းလမ်းကတ္တရာလမ်း တိုးချဲခြင်းနှင့် ထပ်ပိုးလွှာခင်းခြင်း လုပ်ငန်း ရာခိုင်နှုန်းပြည့် ပြီးစီး

 

အုတ်ဖို ဇွန် ၁၇

 

သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၀ -၂၀၂၁ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းလုပ်ငန်းနှင့် ပတ်သက်၍ ဆောင်ရွက်လျက်ရှိသော မိုးညိုတန်းရပ်ကွက် မိုးညိုတန်း လမ်း ကတ္တရာလမ်းတိုးချဲခြင်းနှင့် ကတ္တရာထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းမှာ ၁၀၀ ရာခိုင်နှုန်း ပြီးစီး သွားပြီဖြစ်ကြောင်း မြို့နယ်စည်ပင် အမှုဆောင်အရာရှိ ဦးဖြိုးဝေအောင်ထံမှ သိရသည်။

 

အဆိုပါလုပ်ငန်းကို ယခုလလဆန်းပိုင်းမှ စတင်ဆောင်ရွက်ခဲ့ပြီး အရှည်ပေ ၆၀၀၊ အကျယ် ၂၄ ပေနှင့် အမြင့် ၇ လက်မဖြင့် ဆောင်ရွက်လျက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ပြီးစီးသွားပြီးဖြစ်သဖြင့် ပေါက်ပြဲနေသည့် လမ်းပေါက်များ ပြောက်သွားကာ သစ်လွင်တောက်ပတဲ့ လမ်းမကြီးကို ဒေသခံ ပြည်သူများ အဆင်ပြေချောမွေစွာ အသုံးပြုလျက်ရှိသည်။ လမ်းခင်းခြင်းလုပ်ငန်း ပြီးစီးသွားပြီ ဖြစ်တဲ့အတွက် ကျောင်းသားကျောင်းသူများ ပညာရေး၊ မြို့နယ်လူထုရဲ့ စီပွားရေး၊ လူမှုရေး၊ ကျန်းမာရေး အတွက် များစွာအကျိုးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

 

အောင်သူ(အုတ်ဖို)