ရန်ကင်းမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားပြုလုပ်

ရန်ကင်း ဇွန် ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်  အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေ များအား ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံသို့ လွှဲပြောင်းပေးအပ်ခြင်းကို ယမန်နေ့ နေ့လယ် ၃ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။

ထိုသို့ပေးအပ်ရာတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာ နှစ် ဒုတိယ  (၃)လပတ် (ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်)လ များအတွက် ပေးအပ်ခြင်းဖြစ်ပြီး ဘိုးဘွား တစ်ဦးကို တစ်လလျှင် (၁၀၀၀၀)ကျပ်နှုန်းဖြင့် (၃)လအတွက် (၃၀၀၀၀)ကျပ်စီ ထောက်ပံ့ပေး အပ်ခြင်းဖြစ်ကြောင်း ရန်ကင်းမြို့နယ်တွင် ရပ်ကွက်ပေါင်း (၁၅)ရပ်ကွက်ရှိပြီး အသက် (၈၅)နှစ်နှင့် အထက် စုစုပေါင်းသက်ကြီး  ဘိုးဘွား (၅၆၀) ဦးရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးမှ သိရသည်။

လှလှထွေး