စဉ့်ကိုင် ဇွန် ၁၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများ စာဖတ်ခြင်းဖြင့် လုပ်ငန်းခွင်အတွင်း ကျွမ်းကျင်မှုရှိစေရန်နှင့် စာဖတ်သည့် အလေ့အထများရရှိစေရန် ရည်ရွယ်၍ ဌာနတွင်း ဝန်ထမ်းများ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကို လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် မြို့နယ်ဦးစီးမှူးဒေါ်ဝင်းဝင်းသန်းက ဝန်ထမ်းများနှင့်စာဖတ်ဝိုင်း ကျင်းပရသည့် ရည်ရွယ်ချက်များနှင့် လုပ်ငန်းပိုင်းနှင့် နယ်မြေဒေသဆိုင်ရာအချက်အလက်များ လေ့လာမှတ်သားထားရန်ညွှန်ကြားချက်များကို ဖတ်ကြားရှင်းလင်းပြီး ဓာတ်ပုံကျွမ်းကျင်-၂ ဒေါ်ညိုညိုဝင်းက နိုင်ငံ့ဝန်ထမ်း ဥပဒေ နည်းဥပဒေပါ ခွင့်ခံစားခွင့်နှင့်ပတ်သက်၍ ခံစားခွင့်များခေါင်းစဉ်ဖြင့် လည်းကောင်း စာကြည့်တိုက်လက်ထောက်-၃ ဒေါ်သီတာခိုင်မှ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး လမ်းညွှန်မှာကြားချက် ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အငယ်တန်းစာရေး ဒေါ်အေးအေးမိုးက တာဝန်ထမ်းဆောင်မှု လုပ်ရည်ကိုင်ရည် တို့နှင့် သက်ဆိုင်သည့် စည်းကမ်းများ၊ လုပ်ငန်းခွင်အတွင်း ပြုမူဆက်ဆံခြင်းဆိုင်ရာ စည်းကမ်းများ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ လုပ်သားရုပ်သံ ဦးအောင်ပိုင်ပိုင်ကျော်မှ ဝန်ထမ်းများလိုက်နာရမည့် တာဝန်များအလုပ်ချိန်နှင့် သက်ဆိုင်သည့်စည်းကမ်းများ ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ညိုညိုဝင်း( စဉ့်ကိုင်)