သိန္နီမြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်

သိန္နီ  ဇွန်  ၁၇

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် သိန္နီမြို့တွင် ဇွန်လ ၁၂ ရက်နေ့ နံနက်ပိုင်းကစ၍ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့အဝင်တွင် ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်ဖွင့်လှစ်၍ ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ နေ့စဉ် နံနက်(၆)နာရီမှ ည(၈)နာရီအထိ သိန္နီမြို့တွင်း ဝင်ထွက်လျက်ရှိသော မော်တော်ယာဉ်များ၊ ခရီးသည်များကို အပူချိန်တိုင်းတာခြင်း၊ နှာခေါင်းစည်း တပ်ဆင်စေခြင်းနှင့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)