မိုင်းရယ်မြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် Online မှ တစ်ဆင့် စာအုပ်မိတ်ဆက်ခြင်းများ ပြုလုပ်ပေးလျက်ရှိ

မိုင်းရယ် အောက်တိုဘာ ၂၈

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ မိုင်းရယ်မြို့ ပြည်သူ့စာကြည့်တိုက် တွင် စာဖတ် ပရိတ်သတ်များနှင့် ကလေးငယ်များအတွက် အသိပညာဗဟုသုတတိုးပွားစေရန် Online မှတစ်ဆင့် အသိပညာပေးအစီစဉ်များကို ရိုက်ကူး၍ မိုင်းရယ်မြို့နယ် ပြည်သူ့ စာကြည့်တိုက် FacebookPage တွင် လွှင့်တင်ဆောက်ရွက်ပေးလျက်ရှိသည်။

မိုင်းရယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မာလာက စာရေးဆရာမခင်‌စောတင့်‌ ရေးသားသောဆုံးဖြတ်ဖို့ ခက်ခဲနေမယ်ဆိုရင် စာအုပ်သည်လူတိုင်း ကိုယ်စီ မိမိတို့ စိတ်ခံစားချက်များအရ အကြောင်းအရာများကို ဆုံးဖြတ်ချက် ခက်ခဲနေချိန်တွင် ဖတ်ရှုသင့်သည့် စာအုပ်ဖြစ်ပြီး စာရေးဆရာက ဆောင်းပါး ပုံစံများဖြင့် ရေးသားထားသည့်အတွက် ဖတ်ရှုရန် အဆင်ပြေသည့် စာအုပ်တစ်အုပ် ဖြစ်ပါကြောင်း မိတ်ဆက်ခဲ့ကြောင်း သိရှိရသည်။

မိုင်းရယ်မြို့နယ်၊ ပြည်သူ့စာကြည့်တိုက်တွင် ပြည်သူများအား Online မှတစ်ဆင့် အသိ ပညာပေး လုပ်ငန်းများအဖြစ် ကိုဗစ်-၁၉ ရောဂါအန္တရာယ်ကြိုတင်ကာကွယ်ရေးနည်းလမ်းများ၊  Talk Showများ၊ ကလေးငယ်များအတွက် ပုံပြင်ပြောခြင်း၊ ပုံပြင်ဖတ်ခြင်း ကဏ္ဍများ၊ စာအုပ်မိတ်ဆက် ကဏ္ဍများ၊ ကဗျာရွတ်ခြင်းများ၊ စာပေဝါသနာရှင်များအတွက် Book Club၊ Women Club ၊ Youth Club များကို ဖွဲ့စည်းထားလျက်ရှိပြီး ပြည်သူများအသိပညာ တိုးတက်စေရေးအတွက် အဆိုပါ Club အဖွဲ့ဝင် များနှင့် လစဉ် စာဖတ်ဝိုင်း၊ ကို စဉ်ဆက်မပြတ် ပြုလုပ်ပေးလျက်ရှိသည်။

ဟန်နီခင်(မိုင်းရယ်)