တနင်္သာရီ အောက်တိုဘာ ၂၈
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့၊ ချောင်းကြီးရပ်ကွက်ရှိ မြို့အဝင် တနင်္သာရီတံတားထိပ်တွင် ယမန်နေနံနက် (၁၀) နာရီက ပြည်သူများအား တရားမဝင် လူကုန်ကူးမှု မခံရစေရေးနှင့် လူကုန်ကူးမှု ပပျောက်စေရေးအတွက် အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် တနင်္သာရီမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးနိုင်၊ တနင်္သာရီတပ်နယ်မှူး ဗိုလ်မှူးထက်ကိုကိုဝင်း၊ မြို့နယ်ရဲမှူး ယာယီရဲမှူးနေဝင်း၊ အမှတ်(၁) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ် (မြိတ်)၊ မောတောင် လှုပ်ရှားမှ ရဲအုပ်ဌေးအောင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့် တိုက် လက်ထောက်-၃ ဒေါ်သန်းဖြူလွင်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တနင်္သာရီတံတား လုံခြုံရေးအဖွဲ့တို့ပူးပေါင်း၍ တနင်္သာရီတံတားပေါ်မှ ဖြတ်သန်း သွားလာ သည့် ခရီးသွားပြည်သူများအား တစ်ဖက်ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်/ထွက် ခြင်း မပြုလုပ်ကြရန်နှင့် လူကုန်ကူးမှု မခံရစေရန်အတွက် လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဥပဒေများအား မြို့နယ်ရဲမှူး ယာယီရဲမှူးနေဝင်းနှင့် အမှတ်(၁) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စိတ် (မြိတ်)၊ မောတောင်လှုပ်ရှားမှ ရဲအုပ်ဌေး အောင်တို့မှ အသိပညာပေးရှင်းလင်းပြောကြားခဲ့ပြီး တနင်္သာရီမြို့တံတားမှ ဖြတ်သန်းသွားလာသည့် ခရီးသွားပြည်သူများအား လူကုန်ကူးမှုနှင့် ပတ်သက်သည့် အသိပညာပေး လက်ကမ်းစာစောင် (၂၅၀) စောင်ကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သီသီခိုင်(တနင်္သာရီ)