ငပုတော အောက်တိုဘာ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟင်းအိုးချောင်းကျေးရွာအုပ်စု ရေငံသရက်ကုန်းကျေးရွာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ငပုတောမြို့နယ်ဦးစီးမှူးရုံးမှ ဦးနိုင်မိုးမြင့် ဦးဆောင်၍ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးရေးလုပ်ငန်းများကို ယမန်နေ့ နံနက်(၈)နာရီမှ ညနေ(၄)နာရီထိ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ခြင်းကို ကျန်းမာရေး၀န်ကြီးဌာနမှ ထုတ်ပြန်ထား သည့် ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ ၁၀ နှစ်နှင့်အထက် နိုင်ငံသားကတ်ကိုင်ဆောင်မှု ၃(က) တွင် (၈၈)ဦးကိုလည်းကောင်း၊ ၁၈ နှစ်နှင့်အထက် နိုင်ငံသားကတ်ကိုင်ဆောင်မှု ၆(က)တွင်(၂၉)ဦးကိုလည်းကောင်း၊ ၁၀နှစ်မှ၁၈နှစ်ပြည့် လဲလှယ်တွင် (၄၇)ဦးကိုလည်းကောင်း၊ ပျောက်ဆုံး၊ ပျက်ဆီးထုတ်ပေးခြင်းတွင် (၄၅)ဦးကို လည်းကောင်း ကတ်အမျိုးမျိုး ဆောင်ရွက်ပေး လျက်ရှိရာ ဟင်းအိုးချောင်းအုပ်စုအတွင်းရှိ ပြည်သူကျား(၁၀၃)ဦး၊ မ(၁၀၆)ဦး၊ စုစုပေါင်း(၂၀၉)ဦး ဆောင်ရွက်ပေးပြီးဖြစ်ကြောင်း သိရသည်။
နှင်းယုမော် (ပြန်/ဆက်)