ပလောက်မြို့၌ တိုက်နယ်ဆေးရုံအတွက် လှူဒါန်းထားသော အောက်ဆီဂျင် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ပွဲအခမ်းအနား ကျင်းပ

ပလောက်   အောက်တိုဘာ   ၂၈

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ တိုက်နယ်ဆေးရုံအတွက် လှူဒါန်းထားသော အောက်ဆီဂျင် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နေ့လယ် (၁၂) နာရီအချိန်က ပလောက်တိုက်နယ် ဆေးရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ပလောက်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေး မှူး ဦးမျိုးဝေက အဖွင့်အမှာစကား ပြောကြားခြင်း၊ ပလောက်တိုက်နယ်တာဝန်ခံ ဆရာဝန် ဒေါက်တာရဲမြင့်ဟိန်းက အလှူရှင်များမှ ရရှိငွေနှင့် သုံးငွေစာရင်း၊ လက်ကျန်ငွေစာရင်းများအား ချပြရှင်းလင်းခြင်းနှင့် ရှေ့ဆက်ဆောင်ရွက်ရမည့် ရည်ရွယ်ချက်များအား ဆွေးနွေးပေးခဲ့ပြီး၊ ဆေးရုံအထောက်အကူပြု ကော်မတီအဖွဲ့မှ အောက်ဆီဂျင်အတွက် လှူဒါန်းထားသော အလှူရှင်များစာရင်းကို ဖတ်ကြား ပေးခဲ့ သည်။

ဆက်လက်ပြီး ပလောက်တိုက်နယ်ဆေးရုံအတွက် လှူဒါန်းထားသော အောက်ဆီဂျင် အလှူရှင်များအတွက် တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာ များအားအသီးသီး ပေးအပ်ခဲ့ကြောင်းနှင့် ပလောက်တိုက်နယ်တာဝန်ခံ ဆရာဝန် ဒေါက်တာရဲမြင့်ဟိန်း က  အလှူရှင်များအား ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

နှင်းမြူလွင်  (ပလောက်)