ဖျာပုံမြို့၊ အောက်ကွင်းကျေးရွာအုပ်စုသို့ ဆေးကုသခြင်းနှင့် ကျန်းမာရေးအသိပညာပေး ကွင်းဆင်းဆောင်ရွက်

ဖျာပုံ   အောက်တိုဘာ   ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် တိုင်းရင်းဆေးပညာဦးစီးဌာန၊ ခရိုင်တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်းဆေးဦးစီးမှူး ဒေါ်ဝင်းမာထွန်းနှင့် ဝန်းထမ်းများသည် ကျေးလက်နေပြည်သူများ၏ တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း ကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က၊ ဖျာပုံမြို့နယ် အောက်ကွင်းကျေးရွာသို့ ကွင်းဆင်း၍ ဆေးကုသခြင်းနှင့် ကျန်းမာရေး အသိပညာပေး ဟောပြောကြကြောင်း သိရှိရသည်။

အဆိုပါ ကျန်းမာရေးကွင်းဆင်းဆေးကုသခြင်းဆောင်ရွက်ရာတွင် ဖျာပုံခရိုင် တိုင်းရင်းဆေး ပညာဦးစီးဌာန၊ ခရိုင်တိုင်းရင်းဆေး ကုဌာနမှ တိုင်းရင်းဆေးဦးစီးမှူး ဒေါ်ဝင်းမာထွန်းနှင့် ဝန်းထမ်းများသည် ကျန်းမာရေးဝန်ကြီးဌာန၏ ရည်မှန်းချက်()ရပ်ကို အကောင်အထည်ဖော်ရန် နည်းနာ()ရပ်မှ ()ကျေးလက်ဒေသ အောက်ခြေအထိ ကျန်းမာရေးအသိပညာပေးခြင်း ()ရောဂါ ကာကွယ်တားဆီးခြင်းတို့နှင့် အညီရက်(၁၀၀) ကွင်းဆင်းစီမံချက်ဆောင်ရွက်လျက်ရှိရာ မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများ သို့ကွင်းဆင်းဆေးကုသခြင်း၊ ပညာပေးဟောပြောခြင်းနှင့် အအေးမိဖျားနာ၊ နှာဆေး၊ ချောင်းဆိုး ရာသီတုပ်ကွေး၊ အနံ့ပျောက်ခြင်း စသော ရောဂါများ ကာကွယ်၍ ကိုယ်ခံအားကောင်းစေသော ဆေးလက်ဖက်ခြောက်များ (အခမဲ့) ဖြန့်ဝေပေးခြင်းကို ကွင်းဆင်း ဆောင်ရွက်ကြကြောင်း သိရှိရသည်။

အောင်ဝင်းနိုင် (ဖျာပုံခရိုင်ပြန်/ဆက်)