မြောင်းမြမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ အောင်မြင်ခဲ့သော ရဟန်း၊ သာမဏေ၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်များအတွက် စူဠဘွဲ့နှင်းသဘင် ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မြောင်းမြ    အောက်တိုဘာ  ၂၈

ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အစိုးရဓမ္မာစရိယ နှင့် ပါဠိပထမပြန်စာမေးပွဲ အောင်မြင်ခဲ့သော ရဟန်း၊ သာမဏေ၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်များအတွက် စူဠဘွဲ့နှင်းသဘင် ကျင်းပပြုလုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယမန်နေ့ နေ့လယ်()နာရီက စကြာသီဟ၊ စကြာနန္ဒစေတီတော်၌ ကျင်းပခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ  အခမ်းအနားကို  နမောတဿ ()ကြိမ် ရွတ်ဆို၍  အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး    ဇေယျာမေဒနီပရိပတ္တိစာသင်တိုက် ဦးစီးပဓာန  နာယက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင်  အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တစန္ဒဝရက  ငါးပါးသီလ ချီးမြှင့်ခြင်းနှင့် ဩဝါဒကထာ မိန့်ကြားခဲ့သည်၊။ ထို့နောက်     မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ       ဦးစန်းဌေးက ဿသနာရေးဆိုင်ရာ များ လျှောက်ထားခဲ့သည်။ ဆက်လက်၍ မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ     ဦးစန်းဌေးနှင့် တာဝန်ရှိသူများက မြို့မိမြို့ဖများမှ စုပေါင်း၍  အစိုးရဓမ္မာစရိယနှင့်  ပါဠိပထမပြန်စာမေးပွဲ     အောင်မြင်ခဲ့သော  ရဟန်း၊ သာမဏေ၊သီလရှင်များ(၁၁၆)ပါးအတွက် အလှူငွေကျပ် (၁၀၂၄၀၀၀၀)၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် အခြားဌာနဆိုင်ရာ ဝန်ထမ်းများမှ စုပေါင်း၍ ရင်ပြင်တော်ကြွေပြား ခင်းရန်အတွက် အလှူငွေကျပ် (၃၅၀၀၀၀၀)၊ ဦးသန့်ဇင်မိသားစုမှ တန်းဆောင်မီးဆင်ရန်အတွက် အလှူငွေကျပ် (၁၀၀၀၀၀၀)သိန်း၊ ဦးကျော်စိုးဝင်း (ဆင်ဖြူတော်)ဟော်တယ်မိသားစုမှ စကြာသီဟ၊ စကြာနန္ဒဘုရားပြုပြင်ရန်အတွက် ငွေကျပ်(၂၀၀၀၀၀၀)သိန်းအား ပေးအပ်လှူဒါန်းခဲ့ပြီး စကြာသီဟ၊ စကြာနန္ဒ ဂေါပကအဖွဲ့ဥက္ကဋ္ဌ ကိုယ်စား ဦးကြည်ဝင်းက ကျေးဇူးတင်စကားပြောကြားခဲ့သည်။ ထို့နောက် ဆရာတော် သံဃာတော်များက ရေစက်ချ   အနုမောဒနာတရားချီးမြှင့်ခဲ့ပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု ()ကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ကေခိုင်စိုး (မြောင်းမြခရိုင်ပြန်/ဆက်)