မင်္ဂလာဒုံမြို့နယ်၊ ဝါယာလက်စျေးရှိ စျေးသူ၊ စျေးသားများအား ကိုဗစ်-၁၉ ရောဂါရှိ၊ မရှိ RDT ဖြင့် (အခမဲ့) စစ်ဆေး
Oct 30,2021
ရန်ကုန်တိုင်းဒေသကြီး ၊မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ ဝါယာလက် စျေးရှိစျေးသူ၊ စျေးသားများအား ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် ရည်ရွယ်၍ ကိုဗစ်-၁၉ရောဂါပိုးရှိ၊မရှိRDT ဖြင့်(အခမဲ့)စစ်ဆေး ပေးခြင်းကို ယနေ့နံနက်ပိုင်းက ဝါယာလက်စျေးရှိစျေးသူ၊စျေးသားများအား နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ် ရယူ၍ စစ်ဆေးပေးခဲ့ကြောင်းသိရသည်။ အဆိုပါကိုဗစ်-၁၉ရောဂါပိုးရှိ၊မရှိစစ်ဆေးရာတွင် စျေးသူ၊ စျေးသား စုစုပေါင်း(၂၅၅)ဦးအား စစ်ဆေးပေးခဲ့ပြီးစစ်ဆေးရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ လမ်းညွှန်မှု များနှင့် အညီ ဆောင်ရွက်ပေးခဲ့၍ရောဂါပိုးတွေ့ရှိသူမရှိကြောင်းသိရသည်။