ပေါက်မြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသူများအား ဆက်လက် ထိုးနှံပေး

ပေါက်     အောက်တိုဘာ      ၂၈

မကွေးတိုင်းဒေသကြီး ၊ ပေါက်မြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး  ပထမအကြိမ် ထိုးနှံပြီးသူများအား အောက်တိုဘာ ၂၈ ရက် ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံအစည်းဝေးခန်းမ၌ ဆက်လက်ထိုး နှံပေးလျက်ရှိကြောင်း သိရသည်။

 အဆိုပါကာကွယ်ဆေးထိုးနှံခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်စိုးနှင့် အဖွဲ့ဝင်များ ကြီးကြပ်မှုဖြင့် မြို့နယ်ဆရာဝန် ဒေါက်တာ ခင်မာလွင် ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများက မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်​ခြေနီတပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်း (Volunteer) အဖွဲ့ဝင်များကလည်း လိုအပ်သည်များကို ဝိုင်းဝန်းကူညီ၍ ထိုးနှံဆောင်ရွက်ပေးခဲ့ရာ ယနေ့ ဒေသခံပြည်သူ ၂၅ ဦး လာရောက်ထိုးနှံခဲ့ကြကြောင်း သိရသည်။

 ပေါက်မြို့နယ်တွင် ပြည်သူများ ကိုဗစ် - ၁၉ ရောဂါအန္တရာယ်ကင်းဝေးစေရန်နှင့် ကူးစက်ပြန့်ပွားမှု လျော့နည်း ပပျောက်စေရေးအတွက်  ကာကွယ်ဆေးမထိုးနှံရသေးသည့် အသက်(၁၈) နှစ်အထက် ပြည်သူများနှင့် ပထမ အကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူများအား ဒုတိယအကြိမ် ဆက်လက်ထိုးနိုင်ရေးအတွက် မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့၏ ကြီးကြပ်မှု ဖြင့်  ရပ်ကွက်/ကျေးရွာများအလိုက်  အသိပေးနှိုးဆော်ခြင်းများ ကိုသက်ဆိုင် ရာတာဝန်ရှိသူများကဆောင်ရွက်လျက်ရှိ၍ ဒေသ ခံပြည်သူများက မိမိတို့နယ်မြေအလိုက် ဆေးထိုးစုရပ်များတွင် စိတ်အေးချမ်းစွာ လာရောက် ထိုးနှံကြကြောင်း သိရပြီး  ကာကွယ် ဆေးထိုးရန်ကျန်ရှိသူများအား ဆက်လက် ထိုးနှံပေးသွားမည်ဖြစ် ကြောင်း သိရသည်။

 

ဉာဏ်တိုး