ကျေးရွာပြည်သူ ပူးပေါင်းပါဝင်မှုဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအား ကြည့်ရှုအားပေး
Jun 19,2021
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်အတွင်း ကျေးရွာများတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ စီမံကိန်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာပြည်သူလူထု ပူးပေါင်းမှုဖြင့် ဆောင်ရွက်လျက်ရှိရာ ပဆွပ်ကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအား ယနေ့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးသောင်းအေးနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု အားပေးခဲ့ကြသည်။