ဇမ္ဗူသီရိ အောက်တိုဘာ ၂၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင်များနှင့် စာပေဝါသနာရှင်များစုပေါင်း၍ စာရေးဆရာမ သက်သက်နွယ် (ရန်ကုန်တက္ကသိုလ်) ရေးသားသည့် “ကာကွယ်ဆေး ထိုးကြ ပါစို့”ဆောင်းပါးအား စာဖတ်ဝိုင်းပြုလုပ်ခြင်းကို ယနေ့မွန်းလွဲ (၁) နာရီက ဇမ္ဗူသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ Community Centre ခန်းမ၌ ကျင်းပပြုလုပ် ခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်နီလာစိုးက စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး စာရေးဆရာမ သက်သက်နွယ်(ရန်ကုန်တက္ကသိုလ်) ရေးသားသည့် “ကာကွယ်ဆေး ထိုးကြပါစို့”ဆောင်းပါးအား စာရေးဆရာ (ယဉ်ကျေးဆု)၊ စာရေးဆရာမ သက်သက်နွယ်(ရန်ကုန်တက္ကသိုလ်)၊ ဟန်ညွှန့်(ယဉ်ကျေးမှု)၊ စာရေးဆရာမ မေချို(ပျဉ်းမနား)၊ စာရေးဆရာ ခိုင်မင်း (နေပြည်တော်)၊ မောင်လေပြေ(တောင်တွင်း)နှင့် စာပေဝါသနာရှင်များက ဆောင်းပါးပါအကြောင်းအရာများနှင့် ပတ်သက်၍ ရှုထောင့်အမျိုးမျိုးမှ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
စာဖတ်ဝိုင်းသို့ ပြည်ထောင်စုနယ်မြေ စာကြည့်တိုက်များ ဖောင်ဒေးရှင်းအဖွဲ့ဝင်များ၊ နေပြည်တော် စာပေဝိုင်းအဖွဲ့မှ စာရေးဆရာများ၊ ဇမ္ဗူသီရိမြို့နယ် (Book Club) အဖွဲ့ဝင်များနှင့် စာပေဝါသနာရှင်များ စုစုပေါင်း (၉) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရသည်။
မြို့နယ် (ပြန်/ဆက်)