ဝေါ အောက်တိုဘာ ၂၈
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့တွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (၆) လဒေသန္တရစီမံကိန်း ရည်မှန်းချက် အဆိုပြုလွှာ ပေးအပ်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ဝေါမြို့နယ်ခန်းမ၌ ကျင်းခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းမော်က ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (၆) လဒေသန္တရစီမံကိန်း ရည်မှန်းချက်များနှင့် ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ မြို့နယ် စီမံကိန်း ရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ အတွင်းရေးမှူး ဒေါ်ချိုချိုသက်က ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (၆) လဒေသန္တရ စီမံကိန်းရည်မှန်းချက်များအား အသေးစိတ် ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်စီမံကိန်း ရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌ ဦးဝင်းမော်က ဌာနဆိုင်ရာများအား ဝေါမြို့နယ်အတွင်း ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (၆) လဒေသန္တရစီမံကိန်းရည်မှန်းချက် ဖြစ်သည့် လမ်း၊ တံတား၊ မီးရရှိရေး၊ ရေရရှိရေး အဆိုပြုလွှာများအားပေး သက်ဆိုင်ရာဌာနများအလိုက် ပေးအပ်ခဲ့ကြောင်း သိသည်။
အောင်မြတ်လင်း (ပြန်ဆက်)