မိုင်းငေါ့ အောက်တိုဘာလ ၂၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီး ဌာန ရုံးဝန်ထမ်းများမှ ကလေးငယ်များ အသိပညာဗဟုသုတ တိုးပွားလာစေရန် ရည်ရွယ်၍ Online မှ တစ်ဆင့် အသိပညာပေး အစီအစဉ်များကို ပြည်သူ့စာကြည့်တိုက် Page တွင် နေ့စဉ် ရိုက်ကူးလွှင့်တင် ပေးလျက်ရှိကြောင်း သိရသည်။
ယနေ့တွင် ဒေါ်ခိုင်နှင်းဆီ (ငယ်/ရေး)မှ ကျောင်းသား၊ ကျောင်းသူ လူငယ်လေးများအား သိတတ် လိမ္မာ ယဉ်ကျေးသော ၊ရိုသေ လေးစားစွာပြုမူ ဆက်ဆံပြောဆိုတတ်စေရန်၊ လူမူဆက်ဆံရေး အရည်အချင်းများ ပြည့်ဝလာစေရန်အတွက် “စကားပြောချိုသာသော ကြက်တူးရွေး” ရုပ်ပြ ပုံပြင် စာအုပ်လေးအား Online မှတစ်ဆင့် ရိုက်ကူးထုတ် လွှင့် ပေးခဲ့သည်။
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသည့် ကာလအတွင်း စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ကလေးငယ်များအတွက် အသိပညာဗဟုသုတ တိုးပွားလာစေရန် ပုံပြင်ပြောခြင်း၊ ကဗျာ ရွတ်ဆိုခြင်း၊ အရုပ်ခေါက်ခြင်း၊ ဆေးရောင်ခြယ်သခြင်း စသည် တို့ကိုလည်းကောင်း စာပေဝါသနာရှင် စာဖတ်ပရိတ်သတ်အတွက် ၊ စာအုပ်မိတ် ဆက်ခြင်း စသည့် အသိပညာပေး အစီအစဉ် များနှင့် Talk Show အစီအစဉ်များကို ရိုက်ကူး၍ Online မှ တစ်ဆင့် တင်ဆက် ပေးလျက်ရှိပြီး မိုင်းငေါ့ ပြည်သူ့စာကြည့်တိုက် Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။
မြင့်သွယ်(မိုင်းငေါ့ ပြန်/ဆက်)