ခေါဇာမြို့၌ အသက် (၈၅) နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့‌ငွေများ အိမ်တိုင်ရာရောက်ထောက်ပံ့ပေးအပ်

ခေါဇာ အောက်တိုဘာ ၂၉

 

မွန်ပြည်နယ်၊မော်လမြိုင်ခရိုင်၊ခေါဇာမြို့ရပ်ကွက်(၂)အတွင်းရှိ  အသက်(၈၅)နှစ် နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများကို  ယမန်နေ့ညနေပိုင်းက  အိမ်တိုင်ရာ ရောက်လိုက်လံထောက်ပံ့ပေးခဲ့သည်။
 

အဆိုပါထောက်ပံ့ငွေများကို ဘိုးဘွားတစ်ဦး တစ်လလျှင်ငွေကျပ်  (၁၀၀၀၀/-)နှုန်းဖြင့်၂၀၂၁ ခုနှစ် (ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်) လ သုံးလစာ  ငွေကျပ် (၃၀၀၀၀) တိတိကို ခေါဇာမြို့ ရပ်ကွက်(၂) အတွင်းရှိသက်ကြီးဘိုးဘွား(၁၄)ဦးအား ရပ်ကွက်(၂)အုပ်ချုပ်ရေးမှူးဦးစိုး‌ဌေးနှင့် တာဝန်ရှိသူများက ထောက်ပံ့ငွေများကို ဘိုးဘွားများ လက်ဝယ်သို့အိမ်တိုင်ရာရောက်  လိုက်လံထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

 

ခေါဇာ( ပြန်/ဆက်)