မန်တုံ အောက်တိုဘာ ၂၈
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့တွင် ကိုဗစ်(၁၉) ရောဂါ ကြိုတင် ကာကွယ်နိုင်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ရောဂါကူးစက်မှုကို လျော့နည်းစေပြီး မိမိကစ၍ကာကွယ်နိုင်စေရန် ပလောင်၊ မြန်မာ ဘာသာများဖြင့် ယနေ့ နံနက်ပိုင်းအချိန်က ကျန်းမာ ရေးအသိပညာပေး နှိုးဆော်မှုများဆောင်ရွက်ခဲ့သည်။
အဆိုပါကျန်းမာရေးဆိုင်ရာအသိပညာပေးနှိုးဆော်ချက်များတွင်ပြည်သူများအနေဖြင့်အတတ်နိုင်ဆုံး မဖြစ်မနေ အိမ်တွင်း၌သာနေထိုင်ရန်၊ လက်ကိုဆပ်ပြာဖြင့်စက္ကန့် ၂၀ ကြာအောင်မကြာခဏ ဆေးကြောရန်၊ မိမိအိမ်သို့ ပြင်ပမှလာသော ဧည့်သည်များ လက်မခံရန်၊ မဖြစ်မနေ အရေးကြီးကိစ္စရှိ၍ အိမ်ပြင် ထွက်ရပါက ပါးစပ်နှင့်နှာခေါင်းစည်း Mask တတ်ရန်၊ Mask မတပ်သည့်ဆိုင်များ တွင်စျေးမ၀ယ်ကြရန်၊ ပါးစပ်နှင့်နှာခေါင်းစည်း Mask မတပ် သူများနှင် တွေ့ဆုံပါက စကားပြောခြင်းမပြုလုပ်ကြရန်၊ အပြင်မှ ပြန်လာပြီးတိုင်း Mask နှာခေါင်းစည်းများကို စနစ်တကျစွန့်ပစ်ကြရန်၊ အသုံးပြုပြီးသော Maskများအား ထပ်မံအသုံးမပြုကြရန်၊ လက်ကိုဆေးကြောခြင်းမပြုဘဲ ပါးစပ်နှင့်နှာခေါင်း၊ အမျက်နှာတို့ကို ပွတ်သပ် ခြင်းနှင့်ကိုင်တွယ်ခြင်းမပြုလုပ်ကြရန်၊ အ၀တ်စားမလဲမီ ကိုယ်လက်သန့်စင်ခြင်း မပြုလုပ်ရသေးဘဲ အိမ် သားများနှင့်အနီးကပ်မထိတွေ့ကြရန်၊ လေ၀င်လေထွက် မကောင်းသော အခန်းများ၊ ပြူတင်းတံခါးများ ဖွင့်ပြီး လေ၀င်လေထွက်ရရှိအောင်ဆောင်ရွက်ထားကြရန်၊ မိမိတို့ပတ်၀န်းကျင်၌ သံသယလူနာတွေ့ ရှိပါက သက်ဆိုင်ရာသို့အမြန်သတင်းပေးပို့ကြရန်၊ မိမိတို့၌ ပိုးကူးစက်ခံနေရသည်ဟု သံသယရှိ ပါကနီး စပ်ရာကျန်းမာရေးဌာနများသို့ အမြန်ဆုံးဆက်သွယ်၍ မပျက်မကွက် ဆေးစစ်ကုသမှုခံယူရန်နှင့် ကိုဗစ် (၁၉)ရောဂါ ကူးစက်ပျံ့ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေးလုပ်ငန်းများကို မိဘ ပြည်သူများအားလုံးက ဝိုင်းဝန်းပူးပေါင်းပါဝင်ပေးကြပါရန် Hand Speaker ဖြင့် ကျယ်ကျယ် ပြန့်ပြန့်တိုက် တွန်းနှိုးဆော်ခဲ့သည်။
ထိုသို့ ကျန်းမာရေး အသိပညာပေးနှိုးဆော်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများမှ မြို့မရပ်ကွက်ရှိ စျေးဆိုင်လမ်းများ၊ လမ်းဆုံနေရာများ၊ အိမ်ခြေ ထူထပ်သောနေရာများသို့ သွားရောက်ဆောင်ရွက်ခဲ့သည်။
မန်တုံ (ပြန်/ဆက်)