ပလောက် အောက်တိုဘာ ၂၈
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလောက်မြို့၊ ဆင်ထိုးကြီး ကျေးရွာအုပ်စု၊ ဆင်ထိုးငယ်ကျေးရွာတွင် အသက်(၁၈)နှစ်နှင့် အထက် ပြည်သူများ အား (ဒုတိယအကြိမ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက် (၉) နာရီက ဆင်ထိုးငယ်ကျေးရွာ၊ ခရစ်ယာန်ဘုရားကျောင်း၊ ဓမ္မာရုံ၌ စနစ်တကျ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေး ထိုးနှံပေးရာတွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်းများ ဆောင်ရွက်ပေးပြီး၊ ကျန်းမာရေးကောင်းမွန်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ကို စနစ်တကျထိုး နှံပေးခဲ့သည်။
အဆိုပါ ကာကွယ်ဆေး (ဒုတိယအကြိမ်) ထိုးနှံပေးရာတွင် ကာကွယ်ဆေး လာရောက် ထိုးနှံသူ စုစုပေါင်း (၉၅) ဦး ရှိကြောင်းသိရသည်။
နှင်းမြူလွင် (ပလောက်)