သတင်းများ

စလင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်သော ဉယျာဉ်တော် ကျေးရွာကွန်ကရစ်ခင်းခြင်း လုပ်ငန်း ၇၅ ရာနှုန်းပြီးစီး
Jun 21,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် စည်ပင်သာယာရေးကော်မတီမှ မြိို့နယ်အတွင်းဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဉယျာဉ်တော်ကျေးရွာနှင့် စလင်းမြို့သို့ဆက်သွယ်သည့်လမ်း ကွန်ကရစ်ခင်းလုပ်ငန်း ၇၅ ရာနှုန်းပြီးစီးပြီ ဖြစ်သည်။
ပြည်မြို့တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Jun 21,2021
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာရုံးက ယနေ့နံနက် ၁၀ နာရီတွင် ပြည်မြို့ အောင်မြေသာမူလတန်းလွန်းကျောင်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
ကျွန်းလှမြို့နယ်တွင် “ပန်းခင်းစီမံချက်”ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသား စိစစ်ရေး ကတ်ပြားများကွင်းဆင်းဆောင်ရွက်ပေး
Jun 21,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် “ပန်းခင်းစီမံချက်”ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်းကို ယနေ့တွင် ပျဉ်းမမြိုင်ရပ်ကွက်၊အုပ်ချုပ်ရေးမှူးရုံး၌ ကွင်းဆင်းဆောင်ရွက်ပေးကြောင်း သိရသည်။
ကျောက်တန်းမြို့ အလက(မြို့မ)ကျောင်းတွင် ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းဖွင့်လှစ်သင်ကြား
Jun 21,2021
မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ရှေးဦးပြုစုခြင်းနှင့် ဘေးအန္တရာယ်ကင်းရှင်း ရေးဌာနမှ ထောက်ပံ့မှု၊ ရန်ကုန် တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှု ကော်မတီ၏ ညွှန်ကြားမှုတို့ဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့ အလက(မြို့မ)ကျောင်းတွင် ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းအမှတ်စဉ် (၁/၂၀၂၁) ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဖလား ခရိုင်ပေါင်းစုံ အသက် (၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲဆုရ ရွှေဘိုခရိုင်အမျိုးသမီးဘောလုံးအသင်း တံခွန်စိုက်ဒိုင်းအပ်နှင်းပွဲ အခမ်းအနားကျင်းပ
Jun 21,2021
စစ်ကိုင်းတိုင်းဒေသကြီး အသက် (၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲများကို ဇွန်လ ၈ ရက်နေ့မှ ဇွန်လ ၁၉ ရက်နေ့အထိ စစ်ကိုင်းတိုင်းဒေသကြီး ၊ မုံရွာမြို့ ပြည်သူ့အားကစားကွင်းအတွင်း၌ ကျင်းပပြု လုပ်ခဲ့ရာ ပြိုင်ပွဲသို့ တိုင်းဒသကြီးအတွင်းမှ ခရိုင် ၁၁ ခရိုင်ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီးပထမဆုရ ရွှေဘိုခရိုင် အမျိုးသမီးဘောလုံးအသင်း၏ တံခွန်စိုက်ဒိုင်းဆုဖလားအား ခရိုင်စီမံ အုပ်ချုပ်ရေး အဖွဲ့ထံသို့ အပ်နှင်းပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်က ရွှေဘိုခရိုင်စီမံ အုပ်ချုပ်ရေး အဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
နတ်တလင်းမြို့နယ်တွင် ကြက်ခြေနီသူနာပြု တပ်ဖွဲ့များ ကိုဗစ်-၁၉ အသိပညာပေး Mask Campaign အရှိန်အဟုန်မြှင့်ဆောင်ရွက်
Jun 21,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု အား ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများ အပြင်ထွက်တိုင်း နှာခေါင်းစည်း(Mask)များ တပ်ဆင်ရန်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သော စည်းကမ်း ချက်များအား လိုက်နာ၍ သွားလာနေထိုင်ကြရန် အသိပညာပေးခြင်းလုပ်ငန်း Mask Campaign ကို ယနေ့ နံနက်၈နာရီအချိန်က နတ်တလင်းမြို့မစျေးကြီးနှင့်လူစည်ကားရာနေရာများတွင် အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဖာပွန်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပ
Jun 21,2021
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် စာရေးဆရာ မြနှင်းရည်ရှိန် ဘာသာပြန်ရေးသားသည့် "အတွေးများမှသည် လက်တွေ့လုပ်ဆောင်မှုဆီသို့" ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် (၁၁) နာရီအချိန် က ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။
ဆင်ပေါင်ဝဲမြို့နယ် တောညောင်ပင်သာကျေးရွာ၌ ပန်းခင်းစီမံချက် ကွင်းဆင်းဆောင်ရွက်
Jun 21,2021
မကွေးတိုင်းဒေသကြီး သရက်ခရိုင် ဆင်ပေါင်ဝဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦး စီးဌာနမှ ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများတွင် နိုင်ငံသားစိစစ်ရေးကတ်မရရှိသေးသည့် ဒေသခံ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား လက်ဝယ်ကိုင်ဆောင်ခွင့်ရရှိစေရန်အတွက် ယမန်နေ့နံနက် (၉)နာရီ အချိန်ခန့်က ဆင်ပေါင်ဝဲမြို့နယ် တောညောင်ပင်သာကျေးရွာ၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။